DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားဟု ကျူးဘားပြော၊ လျှပ်စစ်မီးပြတ်မှု ပိုဆိုးလာ  
DVB
·
March 23, 2026
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ဇ်။ (Photo: REUTERS / CELAC)
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ဇ်။ (Photo: REUTERS / CELAC)
Donate to DVB

ကျူးဘားအစိုးရဟာ အမေရိကန်နဲ့ အလေးအနက်ထားပြီး တာဝန်ယူမှုရှိရှိ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ဇ်က မတ် ၂၁ ရက်မှာ ပြောလိုက်ပြီး ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးလို့လည်း အလေးပေးပြောပါတယ်။

လက်တင်အမေရိကနဲ့ ကာရစ်ဘီယံနိုင်ငံများအသိုက်အဝန်း (CELAC) ထိပ်သီးအစည်းအဝေးမှာ အမေရိကန်နဲ့ ကနေဒါကို ချန်ထားပြီး ၃၃ နိုင်ငံပါတဲ့ ဒေသတွင်းအုပ်စုရဲ့ အစည်းအဝေးတခုမှာ ရိုဒရီဂွက်ဇ်က မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

အမေရိကန်အစိုးရက ကျူးဘားသမ္မတ မီဂဲလ်ဒိုင်ယက်ဇ်ကာနယ်လ်ကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ကျူးဘားဟာ မတ် ၂၀ ရက်မှာ နိုင်ငံရေးစနစ် ဒါမှမဟုတ် သမ္မတသက်တမ်းက အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့ အကြံပြုချက်တွေကို ပယ်ချခဲ့ပါတယ်။

အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကြောင့် ကျူးဘား အမျိုးသားဓာတ်အားလိုင်းက တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မတ် ၂၁ ရက်မှာ ပြတ်တောက်သွားခဲ့တယ်လို့ အရာရှိတွေက ကြေညာခဲ့ပါတယ်။

ကွန်မြူနစ်အစိုးရက အခြေခံအဆောက်အအုံတွေ ယိုယွင်းပျက်စီးနေတဲ့ နိုင်ငံအတွင်း လူဦးရေ ၁၀ သန်းအတွက် လျှပ်စစ်မီးမရတဲ့အတွက် ရုန်းကန်နေရပါတယ်။

ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ အမျိုးသားလျှပ်စစ်ဓာတ်အားစနစ် လုံးဝ ပြတ်တောက်ခဲ့ပြီး နောက်ဆုံးအခြေအနေကို ကြေညာပေးပါမယ်လို့ ပြည်နယ်လျှပ်စစ်ဓာတ်အား ကုမ္ပဏီ Union Electrica က လူမှုမီဒီယာမှာ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ အခုမတ်လထဲမှာ တတိယမြောက် အဓိက ဓာတ်အားပြတ်တောက်မှုပါ။ ရှင်းမပြနိုင်တဲ့ အကြောင်းပြချက်တွေကြောင့် တနင်္လာနေ့မှာလည်း ဓာတ်အားလိုင်း လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။

ကျူးဘားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း အဓိက ဒါမှမဟုတ် လုံးဝ လျှပ်စစ်မီးပြတ်တောက်မှု အကြိမ်အတော်များများကို ကြုံခဲ့ရပေမဲ့ တပတ်အတွင်း စုစုပေါင်းပြတ်တောက်မှု ၂ ကြိမ်ကတော့ ထူးခြားနေပါတယ်။

ဟာဗားနားမြို့တော်မှာ နေထိုင်သူ ယိုအန်း ဒိယက်ဇ်ကတော့ မီးပျက်လွန်းလို့ စိတ်ပျက်အားငယ်မိတယ်လို့ ပြောပါတယ်။

ပိတ်ဆို့မှုရဲ့ သက်ရောက်မှုနဲ့အတူ လက်ရှိစီးပွားရေးပြဿနာတွေက ကျူးဘားလူမျိုးတွေကြားမှာ မကျေနပ်မှုတွေကို ပိုနက်ရှိုင်းစေခဲ့ပါတယ်။

ဒေသခံ လီယိုနီအယ်လ်ဘာတိုက “ကျနော်တို့ဟာ ဒီလမ်းကြောင်းမှာပဲ ပိတ်မိနေကြတယ်။ တပတ်ကို ၂ ကြိမ် ထင်းနဲ့ချက်ပြုတ်နေရတာ အရူးလိုပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်မှာ အမေရိကန်အစိုးရက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ရာထူးကနေ ဖယ်ရှားပြီး ကျူးဘားကျွန်းအပေါ် ရေနံပိတ်ဆို့မှုတရပ် ချမှတ်ခဲ့ပါတယ်။

ဗင်နီဇွဲလားဟာ ကျူးဘားရဲ့ အရေးအကြီးဆုံး ကျေးဇူးရှင်ဖြစ်ပြီး အပြုသဘောဆောင်တဲ့ စည်းကမ်းချက်တွေနဲ့ ရေနံထောက်ပံ့ပေးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ထရမ့်ပ်က ဗင်နီဇွဲလားကနေ ကျူးဘားဆီ ပို့ကုန်တွေကို ဖြတ်တောက်ခဲ့ပြီး တခြားနိုင်ငံတွေကိုလည်း ကျူးဘားဆီ ရေနံရောင်းရင် ပြစ်ဒဏ်ပေးမဲ့ အခွန်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျူးဘားက လျှပ်စစ်ဓာတ်အားကွန်ရက် ချို့ယွင်းမှု အပါအဝင် စီးပွားရေး ကျရှုံးမှုတွေအတွက် အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကို အပြစ်တင်ခဲ့ပြီး အမေရိကန်အစိုးရကလည်း ကျရှုံးမှုတွေက ကျူးဘားရဲ့ ဆိုဗီယက်ပုံစံ အမိန့်ပေးစီးပွားရေးကြောင့်လို့ တန်ပြန်စွပ်စွဲခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013