DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ တာဘောင်မြေမှ အမွှေးနံ့ထွက်ဟု ဒေသခံများ ပြော
DVB
·
April 4, 2014
မန္တလေးမြို့ တာဘောင်မြေမှ အမွှေးနံ့ထွက်ဟု ဒေသခံများ ပြော
Donate to DVB

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်း တာပေါင်ဖို့ထားတဲ့ မြေမှာ အမွှေးရနံ့တွေ ထွက်နေတဲ့အတွက် ဒေသခံတွေ သွားရောက်ကြည့်ရှု နေပြီး တချို့က ကျောက်တုန်းတွေကို အိမ်ကို သယ်ယူစုဆောင်းမှုတွေ ရှိနေပါတယ်။

[caption id="attachment_54404" align="alignright" width="300"]ဓာတ်ပုံ - San Yu Kyaw ဓာတ်ပုံ - San Yu Kyaw[/caption]အဲဒီနေရာမှာ အမွှေးတိုင်ကလို အမွှေးရနံ့တွေထွက်နေတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ဒေသခံတွေက သတိထားမိတာဖြစ်တယ်လို့ ဒီနေရာကို သွားရောက် ကြည့်ရှုနေတဲ့ မန္တလေးမြို့ခံ ကိုသက်လင်းအောင်က ပြောပါတယ်။

ဒါကြောင့် လူတွေက အဲဒီနေရာက ကျောက်တုံး အပိုင်းအစတွေ မြေတွေကို သယ်ယူနေကြတဲ့ အတွက် တာပေါင်ပဲ့မှာ စိုးတဲ့အတွက် သက်ဆိုင်ရာက မြေတွေလာပြန်ဖို့နေရတယ်လို့ ကိုသက်လင်းအောင်က ပြောပါတယ်။

အဲဒီနေရာမှာ သွားရောက်ကြည့်ရှု တဲ့ မန္တလေး အခြေစိုက် စိမ်းရောင်စို အဖွဲ့က အတွင်းရေးမှူး ကိုမောင်မောင်ဦး ကတော့ အမွှေးနံက မြေကြီးထဲကထွက်လာတဲ့ အမွှေးနံမဟုတ်ဘဲ တခုခု ဖိတ်စင်ထားတာဖြစ်တယ်လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပါတယ်။

ဒီလို မြေကြီးက အမွှေးရနံ့ထွက်တဲ့သတင်းကို တဆင့်စကား တဆင့်နားနဲ့ကြားရင် လာရောက်ကြည့်တဲ့သူတွေက ဧပြီ ၃ ရက်နဲ့ ၄ ရက်မှာ စည်ကားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013