DVB Logo
Home
မြန်မာသတင်း
Tiger King ပြောက်ကျားတပ်ဖွဲ့ မောင်းပြန်သေနတ်လိုအပ်၊ ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံ
DVB
·
July 18, 2022
Tiger King ပြောက်ကျားတပ်ဖွဲ့ မောင်းပြန်သေနတ်လိုအပ်၊ ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံ
Donate to DVB

ဝက်လက်မြို့နယ် Tiger King ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ မောင်းပြန်သေနတ် မရှိတာကြောင့် လက်လုပ် သေနတ်တွေနဲ့ တိုက်ပွဲဝင်နေရပြီး မောင်းပြန်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

“မောင်းပြန်သေနတ် လိုအပ်တယ်။ တပ်ရင်းတခုမှာ လူ ၄၀၀ ရှိရင် အနည်းဆုံး မောင်းပြန်သေနတ် ၂၀၀ လောက် လိုပါတယ်။ အဝေးပစ်ကို စကေးကျပစ်နိုင်မယ့် လက်နက်ကြီးမျိုး လိုအပ်ပါတယ်။ ပြီးတော့ Mi35 ရဟတ်ယာဉ်တို့၊ ဂျက်ဖိုက်တာတို့ လာလို့ရှိရင် ပစ်လို့ရမယ်။ လက်နက်ကြီး RPG မှန်သမျှ လိုတယ်။ ဒုံးလည်း လိုတယ်။ ဒုံးဝယ်ဖို့အတွက် ရန်ပုံငွေ အဲဒီလောက်ကြီးထိ မလုံလောက်ပါဘူးဗျ” လို့ Tiger King ပြောက်ကျားတပ်ဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လတ်တလောမှာ လက်လုပ်တူမီး ကိုးလုံးကျည်သေနတ်တွေနဲ့ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်အောင် ကြိုးစားနေပြီး ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Tiger King ပြောက်ကျားတပ်ဖွဲ့) မှ လက်နက်ကြီးတွေကို အရင်ထက် ပိုမိုထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

“မောင်းပြန်သေနတ် တလက်မှမရှိတာကြောင့် တတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ ကူညီပေးစေချင်ပါတယ်။ ကျနော်တို့ တပ်ရင်းမှာ မောင်းပြန်တလက်မှ မရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ ကလစ်ပြီးတော့ ဖြစ်စေ၊ လှူနိုင်တဲ့လူကလှူ ကူနိုင်တဲ့လူကကူ ပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။ ကျနော်တို့ မောင်းပြန်တော်တော်ကြီးလိုအပ်နေပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ လုံးဝအဆင်မပြေပါဘူး။ မောင်းပြန်ဖားခုံဆွဲတာနဲ့ ကိုးလုံးကျည် လက်လုပ်တူမီး ထုတာနဲ့က ဘယ်လိုမှယှဉ်တို့ မရပါဘူး။ ကျနော်တို့ PDF တွေ၊ ပြည်သူ့အချစ်တော်တွေ ကျတာဆုံးတာ ကွယ်ပျောက်သွားတာ မမြင်ချင်ရင် တတ်နိုင်တဲ့ ပြည်သူတွေ တတ်နိုင်သမျှ လှူပြီးတော့ မတတ်နိုင်တဲ့ ပြည်သူတွေ ကြိုးစားအားဖြည့်ကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ” လို့ Tiger King ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်မှာ ယခင် ဆန္ဒပြစဉ်အချိန်တွေက တညအိပ်လောက်ပဲ  စစ်ကြောင်းဝင်ခဲ့ပေမဲ့ အခု တခါဝင်ရင် အနည်းဆုံး ၃ ကြိမ်လောက် ဝင်ရောက်နေပြီး တကြိမ်မှာ တပတ်လောက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာလူနေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာအတွင်းက ဆန်၊ ဆီ၊ ဆား၊ ရိက္ခာခြောက်တွေအပြင် ပြည်သူတွေရဲ့ ဖိနပ်တွေပါ ခိုးယူလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013