DVB Logo
Home
မြန်မာသတင်း
တမူးတွင် အာဏာသိမ်းပြီးချိန်မှစပြီး တိုက်ပွဲ ၅၀ ကျော်ဖြစ်၊ ပျူစောထီးအဖွဲ့ ယမန်နေ့ညက ဗုံးပစ်ခံရ
DVB
·
July 18, 2022
တမူးတွင် အာဏာသိမ်းပြီးချိန်မှစပြီး တိုက်ပွဲ ၅၀ ကျော်ဖြစ်၊ ပျူစောထီးအဖွဲ့ ယမန်နေ့ညက ဗုံးပစ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ၊ တမူးမြို့ မြို့မ ၁၂  ( ခ ) ရပ်ကွက် ပါဟဲတံတားအနီးရှိ ပန်းချီချမ်းမြေ့ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ တပ်စွဲထားတဲ့စခန်းကို Freedom Rangers Tamu နဲ့ ABSDF တပ်ရင်း ၅ က ဇူလိုင် ၁၇ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့  သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Rangers Tamu အဖွဲ့က ပြောပါတယ်။

ပန်းချီချမ်းမြေ့ ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးထားပြီး ပါဟဲတံတားမှာ ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်၊ ကားတွေကို တားဆီးစစ်ဆေးတာ  မသင်္ကာရင် ရိုက်နှက်တာ၊ ငွေကြေးတောင်းခံတာ၊ ဆိုင်ကယ်မရပ်ပေးရင် သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေသလို ရပ်ကွက်အတွင်းက ပြည်သူတွေကို ငွေးကြေးကောက်ခံတာ၊ အကြောင်းမဲ့ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေခံက ပြောပါတယ်။

Freedom Rangers Tamu အဖွဲ့ ရဲဘော်တဦးက “ပျူစောထီးအဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို အကြမ်းဖက်နေတာကြောင့် ကျနော်တို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။  လက်ပစ်ဗုံး ၂ လုံးနဲ့ ပျူစောထီးတွေ ဆိုင်ကယ်တွေနဲ့ ရပ်နေတဲ့နေရာ ပစ်ထည့်ခဲ့တာ။ ဗုံးက ၁ လုံးပဲ ကွဲတယ်။ သူတို့ရှိနေတဲ့နေရာ တည့်တည့်ကျတာဆိုတော့ ထိခိုက်မှုတော့ ရှိနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီး ပျူစောထီးအဖွဲ့က သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု  အနည်းငယ်ရှိခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ဇွန်လအထိ အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ တိုက်ပွဲပေါင်း ၅၀ကျော်‌ ဖော်ဆောင်နိုင်ခဲ့ တယ်လို့ ကူကီးကျောင်းသားများအသင်းက ပြောပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်မှ တပ်သား ၅၀ ကျော် ကျဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်သား ၆ ဦး ကျဆုံးခဲ့ကာ အခု တွက်ချက်ထားတဲ့ အခြေအနေထက် မြေပြင်မှာပိုများနိုင်တယ်လို့ ကူကီးကျောင်းသားအသင်းကတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေ တမူးမြို့နယ်ကို သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွော တမူးမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင် ချထားတာ  ၅လ ဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေကလည်း ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013