DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ ထိုင်းနယ်ခြားစောင့်ရဟတ်ယာဉ် နယ်စပ်စည်းမျဉ်း ၂ ကြိမ် ဖြတ်ကျော်ပျံသန်း
DVB
·
July 18, 2022
ဖာပွန်ခရိုင်၌ ထိုင်းနယ်ခြားစောင့်ရဟတ်ယာဉ် နယ်စပ်စည်းမျဉ်း ၂ ကြိမ် ဖြတ်ကျော်ပျံသန်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ ပေါကားဒဲ (ဝဲကြီးဒေသ) ကို ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်က ထိုင်းဘုရင့်တပ်မတော်- နယ်ခြားစောင့်တပ်ရဟတ်ယာဉ် ၁ စီး ၂ ကြိမ်ပျံသန်းသွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်က ရှေ့တန်းစခန်းတွေအတွက် စားနပ်ရိက္ခာပို့ဆောင်ချိန်နဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းချိန်အတွင်းမှာ  နယ်စပ်စည်းမျဉ်းကို ၂ ကြိမ်တိုင်တိုင် ဖြတ်ကျော်ပျံသန်းသွားခဲ့တာပါ။

ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းမှုမပြုလုပ်ခင် ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မူတြော်ခရိုင်၊ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဆီကို ကြိုတင်အသိပေးအကြောင်းကြားရစမြဲဖြစ်ပြီး အခုပျံသန်းမှုအတွင်း တစုံတရာကြိုတင်အကြောင်းကြားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကြိုတင်အသိပေးအကြောင်းကြားထားတာမရှိတဲ့အတွက်  ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်ရဲ့ ရဟတ်ယာဉ်မဟုတ်ဘဲ စစ်ကောင်စီပိုင် ရဟတ်ယာဉ်သာဖြစ်နိုင်တယ်လို့ ဒေသခံအရပ်သားပြည်သူတွေက ဝေဖန်ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုနဲ့ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းက ကျေးရွာနှစ်ရွာအတွင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရရှိခဲ့သလို နေထိုင်သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ရာမှာ စိုးရိမ်ထိန့်လန့်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013