DVB Logo
Home
မြန်မာသတင်း
“M4 လည်းလှူ Iphone လည်းယူ project” YDF ရွှေစွန်ညို ပြုလုပ်
DVB
·
July 17, 2022
“M4 လည်းလှူ Iphone လည်းယူ project” YDF ရွှေစွန်ညို ပြုလုပ်
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အခြေစိုက်၊ YDF ရွှေစွန်ညိုတပ်ဖွဲ့က တတိယမြောက် project အနေနဲ့ "M4 လည်းလှူ I phone ယူ"   project ကို ဇူလိုင် ၁၇ ရက်နေ့မှာ စတင်လိုက်ပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ တပ်ရင်း နဲ့ မဟာမိတ်ညီအကိုများပူပေါင်းပြီး တိုက်ပွဲများဆင်နွှဲကာ စစ်ကောင်စီတပ်သားအကျအဆုံးများလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် (-) မြန်မြန်မောင်းပြီး မုန့်ဟင်းခါးများများချက်နိုင်ဖို့အတွက် တုတ်ကောင်းကောင်းကလည်း လိုအပ်နေသေးတာကြောင့် ခရီးက ထင်သလောက် မရောက်နိုင်သေးပါဘူး ခင်ဗျာ။ ဒါကြောင့် ထောက်ပို့ပြည်သူများဆီကို M4 တလက်လောက် ပူဆာချင်ပါတယ်။ M4 တလက်ဟာ သိန်း ၁၂၀ တန်ပါတယ်ခင်ဗျာ။ လက်ရှိခက်ခဲနေကြတဲ့အချိန်မှာ သိန်း ၁၂၀ ဆိုတဲ့ ပမာဏဟာ များလွန်းတာကြောင့် နှမ်းတစေ့ဆီကနေ ဆီဖြစ်လာသလို ပြည်သူတယောက်ချင်း တယောက်ချင်းဆီကနေ စုပေါင်းပြီး‌ (-) မောင်းမယ့် တုတ်ကောင်းကောင်းတချောင်း ဖြစ်လာဖို့ ထောက်ပို့ပြည်သူများဆီကို "M4 လည်းလှူ  i phone ယူ" လက်မှတ်လေးတွေ ရောင်း‌ပေးချင်ပါတယ်" လို့ YDF ရွှေစွန်ညိုရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

" M4 လည်းလှူ  i phone ယူ"  Project မှာတော့ သိန်း ၁၂၀ အတွက် တစောင်ကို မြန်မာငွေ ၁၀,၀၀၀ ကျပ်၊ 10 SGD၊ 10000 KRW လက်မှတ်စောင်ရေ ၁၂၀၀ ကို  ရောင်းချပေးသွားမှာဖြစ်ပြီး မေတ္တာလက်ဆောင်အနေ နဲ့ Iphone 11 pro တလုံး မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ 

Project ကာလကတော့ ဇူလိုင် ၁၇ ရက်မှ ၃၁ရက်‌နေ့ထိဖြစ်ပြီး ပြည်သူတယောက်ကို လက်မှတ်စောင်ရေ အကန့်အသတ်မရှိ ထောက်ပို့ပေးနိုင်ကြောင်း၊ လက်မှတ်ဝယ်ယူလိုသူ‌တွေအနေနဲ့ YDF ရွှေစွန်ညိုရဲ့ တယ်လီဂရမ်နဲ့ Facebook စာမျက်နှာတဆင့် ဝယ်ယူအားပေးတော်လှန်‌နိုင်တယ်လို့ YDF ရွှေစွန်ညိုက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013