DVB Logo
Home
မြန်မာသတင်း
“အာဇာနည်မျိုး ကိုးဦးမကတော့ပြီ” (ဓာတ်ပုံ)
DVB
·
July 17, 2022
“အာဇာနည်မျိုး ကိုးဦးမကတော့ပြီ” (ဓာတ်ပုံ)
1 / 6
Donate to DVB

အာဇာနည်နေ့အကြိုအထိမ်းအမှတ်အဖြစ် သပိတ်လူငယ်တွေ ပေါင်းစုပြီး ရန်ကုန်မြို့ရဲ့တနေရာမှာ ဆန္ဒပြလှုပ်ရှားမှုတရပ် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ 

ခေတ်အဆက်ဆက် မြန်မာ့သမိုင်းမှာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရတဲ့ အာဇာနည်များအတွက် ‘အာဇာနည်မျိုး ကိုးဦးမကတော့ပြီ’ စာတန်းပါ ဘန်နာနဲ့အတူ လွမ်းဆွတ်သူပန်းတွေနဲ့ ဂုဏ်ပြုချီတက်အလေးပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ကို ပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုကို လူငယ်များသမဂ္ဂ-ဗဟို၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ ပူးပေါင်းဦးဆောင်ပြီး ရန်ကုန်စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု (AJAY)၊ Revolution Force (RF) ၊ Labour Alliance အဖွဲ့ဝင် CTUM အလုပ်သမားအဖွဲ့အစည်း၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ LGBT Union Mandalay၊ Youths Association of Thingangyun (YAT)၊  ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂနဲ့  လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013