DVB Logo
Home
မြန်မာသတင်း
ကလေးပြည်သူ့ဆေးရုံဖွင့်လှစ်၊ ၁၅ ရက်အတွင်း လူနာ ၃၀၀‌ ကျော် ကုသပေးနိုင်ခဲ့ (ဓာတ်ပုံ)
DVB
·
July 17, 2022
ကလေးပြည်သူ့ဆေးရုံဖွင့်လှစ်၊ ၁၅ ရက်အတွင်း လူနာ ၃၀၀‌ ကျော် ကုသပေးနိုင်ခဲ့ (ဓာတ်ပုံ)
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တနေရာမှာ ကလေးပြည်သူ့ဆေးရုံကို ဖွင့်လှစ်ထားပြီး ၁၅ ရက်အတွင်း လူနာစုစုပေါင်း ၃၀၂ ဦးအထိ ကုသပေးနိုင်ခဲ့တယ်လို့  People's Healthcare Network (Kalay) အသိပေးထုတ်ပြန်ပါတယ်။

အဲဒီ ဆေးရုံမှာ ပြင်ပလူနာဌာန၊ အတွင်းလူနာဌာန၊ သားဖွားမီးယပ်ဌာန နဲ့ အရေးပေါ်ခွဲစိတ်ခန်း တို့ကို အောင်မြင်စွာ ဖွင့်လှစ်ထားပြီး ပြည်သူ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံ တွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးပြည်သူ့ဆေးရုံကို ဇွန် ၁ ရက်နေ့မှ ၁၅ ရက်အထိ ပြင်ပလူနာ  ၂၇၃ ဦး၊ အတွင်းလူနာ ၆ ဦး၊ ကလေးမီးဖွားပေးတာအပါအဝင် စုစုပေါင်း ၃၀၂ ဦး ကုသပေးနိုင်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်မှုနဲ့ People's Healthcare Network (Kalay)မှ ဦးဆောင်ပြီး Tactical Combat Casualty Care: Basic Training (TOT) သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013