DVB Logo
Home
မြန်မာသတင်း
တောင်ပျောက်တိုက်ပွဲတွင် ဖက်ဒရယ်စစ်ကြောင်း ဒုတပ်စုမှူးနှင့် ရဲဘော်တဦး သေဆုံး
DVB
·
July 17, 2022
တောင်ပျောက်တိုက်ပွဲတွင် ဖက်ဒရယ်စစ်ကြောင်း ဒုတပ်စုမှူးနှင့် ရဲဘော်တဦး သေဆုံး
Donate to DVB

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တရက်တည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး ဖက်ဒရယ်စစ်ကြောင်းက ဒုတပ်စုမှူးနဲ့ ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဖက်ဒရယ်စစ်ကြောင်း (People's Defence Force - Federal Column)က ဇူလိုင် ၁၆ ရက်ညမှာ  ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇူလိုင် ၇ ရက် မနက် ၉ နာရီခွဲက အလယ်စုကျေးရွာတိုက်ပွဲမှာ ဒုတပ်စုမှူး ရဲဘော် အာနိုး သေဆုံးခဲ့သလို မွန်းလွဲ ၂ နာရီ တောင်ပျောက်ရွာတိုက်ပွဲမှာတော့ ရဲဘော်ဂန်းဒွန် ထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ တောင်ပျောက်ရွာတိုက်ပွဲကို ဖက်ဒရယ်စစ်ကြောင်းနဲ့ ကစယ်ဒိုကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က‌ ၁၀ ဦးထက် မနည်း သေဆုံးခဲ့တဲ့ပြင် ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ကျဆုံးတာ ၁၀ ထက်မနည်းဆိုပေမယ့် ဒီထက်များနိုင်ပါတယ်။ တိုက်ပွဲ သတင်း ချက်ချင်းမထုတ်ပြန်နိုင်တာ ဆက်သွယ်ရေး အခက်အခဲကြောင့်ပါ။” 

သေဆုံးရဲဘော်တွေနဲ့အတူ ဖက်ဒရယ်စစ်ကြောင်းဘက်က လက်နက်ခဲယမ်းတချို့ပါ ဆုံးရှုံးခဲ့ တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်‌တွေအတွက် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ထပ်တူ အတိုင်းအဆမရှိ ဝမ်းနည်းရကြောင်နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တဲ့အတွက် ဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ပျောက််တိုက်နယ်မှာ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင် ဝင်ရောက်ခဲ့တာကြောင့် တိုက်နယ်ထဲက ကျေးရွာ ၁၀ ခုက ဒေသခံ ၇၀၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ တာဝန်ရှိသူထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013