DVB Logo
Home
မြန်မာသတင်း
တောင်ပျောက်တိုက်နယ်ရှိ နေအိမ် ၅ လုံးထက်မနည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
July 17, 2022
တောင်ပျောက်တိုက်နယ်ရှိ နေအိမ်  ၅  လုံးထက်မနည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ် အလယ်စုရွာက ဒေသခံနေအိမ် ၅  လုံးထက်မနည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလယ်စုရွာက နေအိမ်တချို့ပေါ် ဝင်ရောက်ရှာဖွေက ပစ္စည်းတွေကို မတရားယူဆောင်ပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အိမ်တွေ မီးရှို့ခံရတာတော့ ဟုတ်တယ်။ အိမ် ဘယ်နှအိမ်လောင်သွားတာတော့ အတည်ပြုလို့ မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက် သဲချောင်းကြီးရွာမှာ တပ်စွဲထားပြီး မနေ့ညက အလယ်စုရွာ အရှေ့ဘက်ကမ်းမှာ နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့လို့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ ဇူလိုင်လဆန်းက စစ်ကောင်စီတပ်အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၇၀၀၀  လောက် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013