DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် လိုင်ဇာရောက်စဉ် ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား
DVB
·
April 3, 2014
ကုလကိုယ်စားလှယ် လိုင်ဇာရောက်စဉ် ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား
Donate to DVB

ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား ရောက်ရှိခဲ့တဲ့ နေ့မှာဘဲ ကေအိုင်အိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ဒုတိယအကြိမ် ရောက်လာခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာဘဲ တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ကေအိုင်အိုခေါင်းဆောင်တွေ က ပြောပါတယ်။

[caption id="attachment_54382" align="alignright" width="300"]ဓာတ်ပုံ - Lachid Kachin ဓာတ်ပုံ - Lachid Kachin[/caption]ကေအိုင်အို ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်နဲ့ ဗဟိုကော်မတီဝင်တွေဟာ မစ္စတာဗီဂျေး နမ်ဘီးယားနဲ့ သူ့အတွင်းရေးမှူးး မစ္စက် မာရီယာတို့ကို ၃ နာရီကြာ လက်ခံတွေ့ဆုံတဲ့အခိုက် တိုက်ပွဲ ဖြစ်ကြောင်း ပြောခဲ့တာလို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

မစ္စတာဗီဂျေး နမ်ဘီးယားက ကေအိုင်အိုနဲ့ အစိုးရအပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ နှောင့်နှေး နေကြောင်း ပြောကြားအပြီး ကေအိုင်အေဘက်ကလည်း အစိုးရရဲ့ တပ်ပိုင်းဆိုင်ရာ ယုံကြည်မှု အားနည်းနေတာကြောင့် ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်သေးကြောင်း၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ အကြောင်း ပြောခဲ့တယ်လို့ ဦးဆန့်အောင်က ခုလိုပြောပါတယ်။

“ဆွေးနွေးနေတုန်း တိုက်ပွဲက ၃ ကြိမ် ဖြစ်တယ်။ တပ်မဟာ ၄ ဘက်မှာ တနေရာက ထိပ်တိုက် ရင်ဆိုင်တွေ့တယ်။ နောက် ၂ နေရာက ကချင်တပ်တွေရှိရာကို အစိုးရတပ်က လာတိုက်တယ်လို့ တင်ပြတာရှိပါတယ်။ စစ်ဦးစီးချုပ်က၊ တပ်ပိုင်းဆိုင်ရာမှာ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ နည်းနည်းတော့ အားနည်းတယ်ပေါ့လေ၊ မြန်မာ့တပ်မတော်အနေနဲ့ကလည်း သဘောထား ကြီးကြီးနဲ့ အများကြီးပါဝင်ဖို့ လိုအပ်တယ်လို့ သူတို့ပြောသွားကြပါတယ်။”

လတ်တလော ဆောင်ရွက်နေတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ရေးကိစ္စမှာလည်း လက်မှတ်ထိုးပြီးသွားရင် နိုင်ငံရေးဆွေးနွေးပွဲအထိ မရောက်နိုင်မှာကိုလည်း ကေအိုင်အေ ဘက်က စိုးရိမ်မကင်းဖြစ်ပြီး ငြိမ်းချမ်းရေး ရတဲ့အထိ ယူအဲန်အနေနဲ့ ပါဝင်လာဖို့ လိုလားကြောင်း လည်း ပြောခဲ့ပါတယ်။

မစ္စတာဗီဂျေး နမ်ဘီးယားကလည်း လိုအပ်ရင် သူ့အနေနဲ့ လာဖို့အသင့်ရှိပါကြောင်း၊ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆွေးနွေးပွဲ အဆုံးထိ ပါဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာဗီဂျေး နမ်ဘီးယားက လာမယ့် ဧပြီလ အမေရိကန်နိုင်ငံ နယူးရောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှာ ကချင်ပြည်နယ်အရေး၊ မြန်မာ့အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရေးသားတင်ပြ သွားဖို့ရှိကြောင်းလည်း ပြောခဲ့တယ်လို့ ဦးဆန့်အောင်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ မနှစ်နှစ်ကုန်ပိုင်းက မြစ်ကြီးနားမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနီးပါးနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013