DVB Logo
Home
မြန်မာသတင်း
ရခိုင်မှာ တိုက်ခိုက်မှု လူသားခြင်းစာနာမှု အထောက်အပံ့ပေးနေတဲ့ ဖြစ်စဉ်တခုလုံးကို တိုက်ခိုက်ဟု ကုလပြော
DVB
·
April 3, 2014
ရခိုင်မှာ တိုက်ခိုက်မှု လူသားခြင်းစာနာမှု အထောက်အပံ့ပေးနေတဲ့ ဖြစ်စဉ်တခုလုံးကို တိုက်ခိုက်ဟု ကုလပြော
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမှာ လူအုပ်တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်တာဟာ ရခိုင်ပြည်နယ်က လူသားခြင်းစာနာမှု အထောက်အပံ့ပေးနေတဲ့ ဖြစ်စဉ်တခုလုံးကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လူသားခြင်းစာနာမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Renata Dessallien နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ စစ်တွေက ဧပြီ ၂ ရက်နေ့ ပြန်လည်ရောက်ရှိလာပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကနေ အခုလို ပြောဆိုလိုက်တာပါ။

[caption id="attachment_53970" align="alignright" width="300"]မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung) မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung)[/caption]မြန်မာအစိုးရနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆွေးနွေးနိုင်ခဲ့ပြီး လူသားခြင်း စာနာမှု အကူအညီတွေ ပေးနေတဲ့ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို နိုင်ငံတကာက လုပ်ဆောင်နေတဲ့ အတိုင်း ဆောင်ရွက်ပေးမယ်ဆိုတာကို သဘောတူညီခဲ့တယ်လို့ သူက ပြောပါတယ်။

အားလုံးသော လူအသိုင်းအ၀န်က ထိခိုက်လွယ်တဲ့ လူတွေကို အကူအညီပြန်ပေးတဲ့ အလုပ်တွေ လုပ်နိုင်ဖို့ အတွက် ထောင်နဲ့ချီတဲ့ ၀န်ထမ်းတွေအတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ အစိုးရနဲ့ ဦးစားပေးဆွေးနွေးခဲ့တယ်လို့ Renata Dessallienက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အကူအညီပေးနေတဲ့ အဖွဲ့က ၀န်ထမ်း ၁၇၀ လောက် ရွှေ့ပြောင်းခဲ့ရသလို လူသားခြင်းစာနာမှု အကူအညီပေးနေတဲ့ ဖြစ်စဉ် ၁၂ခုလောက် ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ ဝေးလံတဲ့ ရွာနဲ့ ရခိုင် လူ့အဖွဲ့အစည်းကို ပေးနေတဲ့ ကယ်ဆယ်ရေး အကူအညီတွေ အနှောင့်အယှက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

လူသားခြင်းထောက်ပံမှု အကူအညီတွေကို နှောင့်ယှက်မှုတွေကို ရွှေ့ပြောင်း ဒုက္ခသည် စခန်းနဲ့ ဝေးလံခေါင်းဖျားတဲ့ ရွာတွေက ခံစားနေရတယ်လို့ ဆိုပါတယ်။

အခုလို ပူအိုက်တဲ့ရာသီမှာ အထူးသဖြင့် ပေါက်တောက တချို့သော ရွှေ့ပြောင်း ဒုက္ခသည်စခန်းက ရေရရှိနိုင်တဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်သလို ဒီဒုက္ခသည်စခန်းတွေက ကလေး ၁ သောင်း ၅ ထောင်ကလည်း စိတ်နဲ့ လူမှုရေး အထောက်အပံ့ကို မရဖြစ်နေပြီး အာဟာရချို့တဲ့နေတဲ့ စစ်တွေက ဒုက္ခသည်စခန်းက ကလေး ၃၀၀ကိုလည်း ကုသမှုတွေ ရပ်တန့်ထားရတယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

လာမယ့် ၂ ပတ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြန့်ဝေဖို့ အစားအစာ မက်ထရစ်တန်ချိန် ၁၃၀၀ နီးပါး လိုအပ်နေပြီး လူမှုရေး အဖွဲ့အစည်းတွေနဲ့ အကောင်ထည်ဖော်မယ့်သူတွေ မရှိရင် စိန်ခေါ်မှု တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တွေမှာ ဖြစ်ပွားတဲ့အခြေအနေကို တုံ့ပြန်ဖို့ အတွက် ကျန်းမာရေး ၀န်ကြီးဌာနက အသင်းအဖွဲ့တချို့ စေလွှတ်ခဲ့ပေမယ့် ရွှေ့ပြောင်း ဒုက္ခသည် အနည်းငယ်ကပဲ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေက အရေးပေါ် ကျန်းမာရေး ဖြစ်ရပ် ၄၀၀ ကို လစဉ် ဆေးရုံတွေကို လွဲပြောင်းပေးနေရသလို နယ်စည်းမတား ဆရာဝန်များ (MSF)အဖွဲ့ကို တားမြစ်လိုက်တာဟာလည်း ကျန်းမာရေး စနစ်အတွက် ဆိုးဝါးတဲ့သက်ရောက်မှုတွေ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013