DVB Logo
Home
မြန်မာသတင်း
အဝေးပြေးကားလက်မှတ်ခ‌များ ထပ်မံမြင့်တက်
DVB
·
July 15, 2022
အဝေးပြေးကားလက်မှတ်ခ‌များ ထပ်မံမြင့်တက်
Donate to DVB

မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေ အနည်းငယ်ကျဆင်းလာပေမဲ့ အခုရက်သတ္တပတ်အတွင်း   နေပြည်တော်- ရန်ကုန် အဝေးပြေးကားလက်မှတ်ခ‌တွေ  ကျပ်ငွေ ၁၀၀၀ လောက်အထိ ထပ်မံမြင့်တက်လာပါတယ်။

နေပြည်တော်ဝန်ကြီးဌာနတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း တစ်ဦးက" အရင်က ရန်ကုန်ကို အပတ်တိုင်းနီးပါး ပြန်ဖြစ်တယ်။ အဲ့ဒီတုန်းက နေပြည်တော်-ရန်ကုန် လက်မှတ်တစောင်ကို ၇၀၀၀/၈၀၀၀ ပဲရှိတယ်။ အခုတော့ ၁၇၀၀၀ ၊ အဲ့တာတောင် ရိုးရိုးကားပဲရတယ်။ VIP ဆို  နှစ်သောင်းကျော်၊ အခုတစ်ထောင်က ထပ်တက်သွားသေးတယ်။ ဆီဈေးနဲ့ မကိုက်လို့တော့ ပြောကြတာပဲ" လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက်မှာ စက်သုံးဆီဈေးဟာ 92 တစ်လီတာကို ကျပ် ၂၂၀၀ ဝန်းကျင်ရှိခဲ့ပြီး အခုရက်ပိုင်းမှာတော့ ၁၈၀၀ ဝန်းကျင်သာရှိတော့တာပါ။ ဒါဟာ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်စက်သုံးဆီဈေး ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

လယ်ဝေးမြို့နယ်က စက်သုံးဆီဆိုင်ဝန်ထမ်းတဦးက "အခုရက်ပိုင်းတော့ နည်းနည်းကျလာတယ်။ 92 ဆို တနေ့ကို  ၁၀၀ လောက် ကျတယ်။ 95 နဲ့ ပရီမီယံလည်း ကျတာပဲ။ ဒါပေပမဲ့ လိုသလောက်တော့ ဝယ်လို့ မရသေးဘူး။" လို့ ပြောပါတယ်။

အဝေးပြေးကားလက်မှတ်ခတွေဟာ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတက်လာတာဖြစ်ပြီး အဆိုပါအချိန်တုန်းက  ခရီးသည်တယောက်ကို  ခုံနှစ်လုံးနှုန်းနဲ့ စီးနင်းလိုက်ပါရတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ခရီးသည်တယောက်ကို  ခုံတလုံးစီ ပြန်လည်သတ်မှတ်ခဲ့ပေမဲ့ စက်သုံး‌ဆီဈေးမြင့်တက်မှုနဲ့အတူ ကားလက်မှတ်ခ‌တွေလည်း မြင့်တက်ခဲ့တာဖြစ်ပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013