DVB Logo
Home
Lead Story
ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်
DVB
·
April 3, 2014
ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်
Donate to DVB

လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။

phone refill cardမြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သတ်မှတ်ကာလကျော်လွန်သည်အထိ ထပ်ဆောင်ငွေကို ကုန်အောင် မသုံးနိုင်ရင် အဲဒီငွေ အလိုအလျောက် ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းမှ တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ သူက ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013