DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေနဲ့လိုက်သွားတဲ့ သမီးလေးကျေးရွာသားတွေ လမ်းခုလတ်မှာ နေနေရဆဲ
DVB
·
April 3, 2014
ဒီကေဘီအေနဲ့လိုက်သွားတဲ့ သမီးလေးကျေးရွာသားတွေ လမ်းခုလတ်မှာ နေနေရဆဲ
Donate to DVB

ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ဧပြီ ၂ ရက်နေ့က ဒီကေဘီအေထိန်းချုပ်နယ်မြေသွားစဉ် ကရင်ပြည်နယ်အစိုးရက တားမြစ်ခဲ့တဲ့အတွက် လမ်းခုလတ်မှာပဲ နေနေကြရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့ နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ သွားစဉ် ကရင်ပြည်နယ်အစိုးရရဲ့ တားဆီးမှုကြောင့် ရှေ့မသွားနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ မနေ့ညပိုင်းအထိ ဒီကေအဘီအဖွဲ့က ဗိုလ်မှူးဆန်းအောင်နဲ့ ကရင်ပြည်နယ်အစိုးရတို့ ညှိနှိုင်းပေမယ့် ကရင်ပြည်နယ်အစိုးရက ခွင့်မပြုခဲ့ပါဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

[caption id="attachment_54282" align="alignright" width="300"]ဧပြီလ ၂ ရက်နေ့က  သမီးလေးကျေးရွာသူ ရွာသား၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ ကရင်ပြည်နယ်အစိုးရရဲ့ ဒုံသမိတံတားမှာ တားဆီးမှုနဲ့ ကြုံနေရစဉ် ဧပြီလ ၂ ရက်နေ့က သမီးလေးကျေးရွာသူ ရွာသား၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ ကရင်ပြည်နယ်အစိုးရရဲ့ ဒုံသမိတံတားမှာ တားဆီးမှုနဲ့ ကြုံနေရစဉ်[/caption]

ရွာသားတွေဘက်ကလည်း သူတို့အနေနဲ့ နောက်ပြန်မလှည့်နိုင်ကြောင်းပြောတဲ့အတွက် ညှိမရဲ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ဘုရားဖူးသွားမယ်ဆိုပြီး ခွင့်ပြုချက်ပြန်ယူလို့ အဲဒီတံတားကနေ ထွက်သွားခွင့်ပြုပြီး လက်ရှိ ကျိုက္ခမီဘုရားမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

“သမီးလေး ရွာသူရွာသားတွေကို ကရင်ပြည်နယ် ၀န်ကြီးချုပ်ကနေ ပြန်လှည့် ခိုင်းတယ်ပေါ့။ ပဲခူးတိုင်းက လာပြီးတော့ ပဲခူးတိုင်းမှာ ထားပါပြော။ ဒါကြောင့် ဒီလူတွေကို နင်တို့ အောင်သိဒ္ဓိကျောင်းက သွားကြိုလာပြီး။ နင်တို့ကို ပြန်ပို့ရမယ်။ အခု အဲဒီမှာလည်း နေခွင့်ရပြီပေါ့လေ။ သမီးလေး ရွာသူရွာသားတွေကို ပဲခူးတိုင်းကနေပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ပေးဖို့ စီစဉ်ထားတယ်လို့ ပြောတယ်။ ပေးမယ်ဆိုရင်လည်း စာချုပ်စာတမ်းနဲ့ လက်မှတ်နဲ့ ပေးပေါ့လေ။ ပါးစပ်နဲ့ပေးရင် မယုံဘူးလို့ သမီးလေး ရွာသူရွာသားတွေက ပြောတယ်။ သမီးလေး ရွာသူရွာသားတွေက အနောက်ကိုတော့ လုံးဝ ပြန်မလှည့်ဘူး။ တကယ်လို့ သွားလို့ မရဘူးဆိုရင် အဲဒီမှာပဲ နေမှာပေါ့ဆိုပြီး အနေအထားက အဲဒီလောက် ဖြစ်လာတယ်။ အဲဒီကနေတဆင့် ပြောပြီး မိုးကလည်း ချုပ်လာပြီ လူတွေကလည်း ထမင်းမစားရ။ အမျိုးမျိုးပြောတာပေါ့ဗျာ။ နောက်ဆုံး ည တော်တော်မိုးချုပ်လာတဲ့အခါ ဘုရားဖူးမယ်ဆိုပြီး ကျနော်ထပ်ပြီး အဆိုတင်သွင်း တောင်းခံပါတယ်။ ညက ကျိုက်မရောမှာ အိပ်တယ်။ ကျိုက်မရောမှာ ဒီမနက် ထမင်းထုပ်တွေ ဘာတွေ ထုပ်ပြီးတော့ လက်ရှိ ဘုရားဖူးခွင့်ပဲရတဲ့အတွက် ကျိုက္ခမီဘုရား ဖူးဖို့ ရွာသူရွာသားတွေနဲ့ ရောက်ရှိနေတယ်။”

ဘုရားဖူး အနားယူပြီးရင်တော့ ရှေ့ဆက်သွားနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

သမီးလေးကျေးရွာသားတွေ ခိုလှုံခဲ့တဲ့ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းဝင်းတခုလုံးကို ဖယ်ရှားပေးဖို့ ပဲခူးတိုင်း ဆည်မြောင်းဦးစီး ဌာနက ဧပြီ ၁ ရက်နေ့က စာထုတ်ထားပါတယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေဟာ နေစရာမရှိဘဲ အခက်ဖြစ်ရတယ်လို့ ကလေး ၃ ဦးအမေ ဒေါ်နီလာဝင်းက ပြောပါတယ်။
“သမီးလေး ရွာကို ပြန်လည်း ချမပေးဘူး။ သူတို့ကလည်း နေရာထိုင်ခင်း လုံးဝကို ချမပေးဘူး။ ချမပေးတဲ့အတွက်ကြောင့် ဘုန်းကြီးကျောင်းမှာ တည်းခိုတယ်။ ဘုန်းကြီးကျောင်းကို ဘူဒိုဇာနဲ့ ထိုးမယ်ဆိုတော့ ဘယ်လိုမှ နေဖို့ထိုင်ဖို့ နေရာ မရှိတော့တဲ့အတွက် လိုက်သွားလို့… တကယ်လို့ သူတို့က အလိုက်မခံဘူး။ သူတို့ တဒေါင့်တနေရာ နေရာပေးမယ်ဆိုရင်ကတော့ အတိအကျ သတ်မှတ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က လက်မှတ်ထိုးပေးမယ် ဆိုရင် ကိုယ့်နေရာကိုယ် ပြန်ယူမယ်ပေါ့။”

လက်ရှိ ဒီကေဘီအေနဲ့ အတူ လိုက်ပါလာတဲ့ မိသားစုကတော့ ၈၁ စုရှိပြီး လူပေါင်း ၂၀၁ ဦး ပါလာပြီး မွန်ပြည်နယ်တ၀ှမ်းမှာ ဘုရားလှည့်လည်ဖူးနေရတယ်လို့ ပြောပါတယ်။

တားဆီးမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013