DVB Logo
Home
မြန်မာသတင်း
သီရိလင်္ကာအတွက် မြန်မာက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမည်
DVB
·
July 14, 2022
သီရိလင်္ကာအတွက် မြန်မာက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမည်
Donate to DVB

နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့သီရိလင်္ကာနိုင်ငံအတွက် မြန်မာနိုင်ငံက လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတော် ရန်ပုံငွေထဲကနေ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

အဲဒီလိုလှူဒါန်းဖို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ Virtual စနစ်နဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လှူဒါန်းမယ့် ဆန်အမျိုးအစား၊  ဝယ်ယူစုဆောင်းမယ့် အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမယ့်ကာလ၊ ကုန်ကျစရိတ်တွေနဲ့ ပက်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို စစ်ကောင်စီခန့် စီးပွားကူးသန်းဌာန အမြဲတမ်းအတွင်းဝန်နဲ့ ဦးစီးဌာနတွေ ညွှန်ကြားရေးမှူးချုပ်တွေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ရာရှိတွေနဲ့ ပုဂ္ဂလိကပိုင်းအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ််ပြန်ချက်အရ သိရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ အကျင့်ပျက်ခြစားမှု၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်လပ်မှုအတွက် လူထုအုံကြွဆန္ဒပြမှုတွေဖြစ်ပွားခဲ့လို့  သမ္မတ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရပြီး နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာထားရပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ယိုယွင်းကျဆင်းနေပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ သန်းနဲ့ချီရှိလာနေပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကြိုးစားနေပေမဲ့ စစ်ကောင်စီကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အကူအညီပေးတာ မရှိဘဲ ပိတ်ပင်တားဆီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013