DVB Logo
Home
မြန်မာသတင်း
ကရင်နီနှစ်သစ်ကူးပွဲ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပ
DVB
·
April 3, 2014
ကရင်နီနှစ်သစ်ကူးပွဲ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပ
Donate to DVB

နှစ်စဉ် တန်ခူးလဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီ အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်ကို အရင်စစ်အစိုးရလက်ထက်က နယ်စပ်ဒေသ ဒုက္ခသည် စခန်းနဲ့ ကရင်နီ လက်နက်ကိုင်တော်လှန်ရေးနယ်မြေမှာဘဲ ကျင်းပခဲ့တာမှာ ဒီနှစ်မှာတော့ ပြည်တွင်းမှာ ပထမဆုံးအကြိမ် တရားဝင် ကျင်းပခဲ့ပါတယ်။

အစိုးရနဲ့ ပဏာမအပစ်အခတ်ရပ်လက်မှတ်ရေးထိုးစဉ်က ဆွေးနွေးသဘောတူချက်တွေ အပေါ် အခြေခံပြီး အမျိုးသားရေးလက္ခဏာဆောင်တဲ့ ကရင်နီနှစ်သစ်ကူးနေ့ကို ဧပြီ ၁ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းမှာ ကျင်းပခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဒုဥက္ကဋ္ဌ ခူဦးရယ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_54338" align="alignright" width="300"]ဓာတ်ပုံ - Karenni community ဓာတ်ပုံ - Karenni community[/caption]“အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတယ်၊ သဘောတူညီချက်တွေ ရတယ်။ အဲဒီအခြေခံအောက်မှာ ကျနော်တို့ ပြည်တွင်းမှာ တချို့သော ဆောင်ရွက်စရာတွေကို ကယားပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူညီချက်ရတယ်။ အမျိုးသားဆိုင်ရာ လုပ်ငန်းတချို့၊ ပွဲလမ်းသဘင် အပါအ၀င်ပေါ့။ ဒီနေ့ကတော့ စတင်ပြီးတော့ ကျနော်တို့ အမျိုးသားတရပ်လုံးကို မိတ်ဆက်ပေးသင့်တယ်ဆိုတဲ့ အခြေခံစဉ်းစားချက်နဲ့ ဒီ နှစ်သစ်ကူးကို စတင်ကျင်းပတာဘဲ ဖြစ်ပါတယ်။”

ကရင်နီ နှစ်သစ်ကူးနေ့အခမ်းအနားကို ကယားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒီမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် ကေ့ထျိုးဘိုးဝင်းမှာ မနက်ပိုင်းနဲ့ ညပိုင်းဆိုပြီး ၂ ကြိမ်ခွဲ ကျင်းပခဲ့တယ်လို့ ခူဦးရယ်က ဆက်ပြောပါတယ်။

မနက်ပိုင်းမှာ နှစ်သစ်ဆုတောင်းပွဲ၊ နှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ ဟောပြောခြင်း ၊ ပညာထူးချွန်သူနဲ့ အားကစားထူးချွန်သူလူငယ်တွေကို ဆုချီးမြှင့်ဂုဏ်ပြုပြီး ညပိုင်းမှာတော့ နှစ်သစ်ကူးအထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်တွေ တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်မှာ ကယားပြည်နယ်အစိုးရကိုယ်စားလှယ်၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ လူထုလူတန်းစားကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁ ထောင်နီးပါး တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်နီလူမျိုးတွေဟာ မွန်ဂိုကုန်းမြေမြင့်ပေါ်ကနေ တောင်ဘက်ကို ရေကြည်မြက်နုရာ ရှာဖွေရင်း ယခု လက်ရှိ ကယားပြည်နယ်ပေါ်မှာ အခြေချ နေထိုင်ခဲ့တာဖြစ်ကြောင်း၊ ကယားပြည်နယ်မှာ အခြေချခဲ့တဲ့အချိန်ကာလပေါ် အခြေပြုပြီး ကရင်နီနှစ်သစ်ကူးချိန် သတ်မှတ်ခဲ့တာ ၂၇၅၃ ခုနှစ်ကို တိုင်ခဲ့ပြီလို့ နှစ်သစ်ကူးနေ့အကြောင်း ကိုယ်တိုင် သုတေသန ပြုစုရေးသားသူ ခူဦးရယ်က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013