DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ခံရာတွင် အလှူငွေ ကောက်ခံခြင်း မရှိဟု လ၀က ပြောဆို
DVB
·
April 3, 2014
သန်းခေါင်စာရင်းကောက်ခံရာတွင် အလှူငွေ ကောက်ခံခြင်း မရှိဟု လ၀က ပြောဆို
Donate to DVB

မတ် ၃၀ မှာ ဧပြီ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာတွင် စာရင်းစစ်နဲ့ စာရင်းကောက်တွေကို လုံလောက်စွာ ထောက်ပံ့ပေးထားပြီး အလှူငွေ ကောက်ခံခြင်း မရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဖေဘွတ်စ်အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။

သန်းခေါင်စာရင်းကောက်ခံမှု သင်တန်းကာလအတွင်း ယူအန်အက်ဖ်ပီအေမှ စာရင်းစစ် ၁ ဦးကို ၆ သောင်း ၉ ထောင် ၅ ရာ ၂ ဆယ် ကျပ် (၈၀ ရာခိုင်နှုန်း)၊ စာရင်းကောက် ၁ ဦးကို ၆ သောင်း၂ ရာ ကျပ် (၈၀ ရာခိုင်နှုန်း) ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Census2014စာရင်းကောက်ယူသည်ကာလအတွင်း စာရင်းစစ် ၁ ဦးကို တနေ့ ၆ ထောင်ကျပ်၊ ၁၅ ရက်စာအတွက် ၉ သောင်းနဲ့ ကျန် ၂၀ ရာခိုင်နှုန်း ထောက်ပံ့ပေးထားပြီး စာရင်းကောက် ၁ ဦးကို တနေ့ ၅ ထောင် ၅ ရာ ကျပ်၊ ၁၄ ရက်စာအတွက် ၇ သောင်း ၇ ထောင်နဲ့ ကျန် ၂၀ ရာခိုင်နှုန်း ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနမှာ စာရင်းစစ် ၁ ဦးကို တနေ့ ၄ ထောင်ကျပ်၊ ၁၂ ရက်စာအတွက် ၄ သောင်း ၈ ထောင်၊ စာရင်းကောက် ၁ ဦးကို တနေ့ ၃ ထောင်ကျပ်နဲ့ ၁၄ ရက်စာ ၃ သောင်း ၆ ထောင်ကျပ် ထောက်ပံ့ပေးထားပြီး ပြည်သူလူထုနဲ့ မည်သည့် အဖွဲ့အစည်းကိုမှ အလှူငွေ ကောက်ခံထားခြင်း လုံးဝ မရှိကြောင်း အသိပေးထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဖေဘွတ်စ်အင်တာနက် စာမျက်နှာမှာ သိရပါတယ်။

အလှူငွေကောက်ခံသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များသည် မိမိတို့ ဝန်ကြီးဌာနနဲ့ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့နဲ့ မသက်ဆိုင်ပါကြောင်း ထုတ်ပြန်ကြေညာ ထားပါတယ်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၇၃နဲ့ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ အကြား ပထမဆုံးအကြိမ် ကောက်ယူတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013