DVB Logo
Home
မြန်မာသတင်း
ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) ဖွဲ့စည်းတည်ထောင်
DVB
·
July 13, 2022
ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) ဖွဲ့စည်းတည်ထောင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မှာ စစ်အာဏာရှင်တော်လှန်ရေး သတင်းအချက်လက်နဲ့ ခိုင်မာတဲ့ သက်သေအထောက်ထားတွေ ရရှိနိုင်ဖို့အပါအဝင် စုံစမ်းဖော်ထုတ်သွားနိုင်ဖို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ- (တမူး) Central Intelligence Agency -Tamu ကို ဇူလိုင် ၁၁ ရက်‌က စတင်ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဖွဲ့စည်းရဲ့ ရည်ရွယ်ချက်အနေနဲ့ ရန်သူစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေ၊ တိုက်ပွဲအတွင်း အခြေနေများအပါဝင် အချက်လက်တွေ၊ နယ်မြေအတွင်း ရာဇဝတ်မှုတွေနဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ စတဲ့အချက်လက်တွေကို စုံစမ်းထောက်လှမ်းဖော်ထုတ်ပြီး ပြည်သူကို အသိပေးဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗဟိုထောက်လှမ်းရေး အေဂျင်စီ (တမူး) ရဲ့ အမှုဆောင်ဒါရိုက်တာ သျှောင်ကြီးဗွေက  “အဓိက ကတော့ ရန်သူ(စစ်ကောင်စီ)တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်ခြည်မပြတ်သိရှိနိုင်ဖို့နဲ့ ‌စစ်ရေးအနေနဲ့ တိုက်ပွဲအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ သတင်းအချက်လက် အတိအကျကို သိရှိနိုင်ဖို့က အရမ်းအရေးကြီးတယ်။ အဲဒါ အဓိကကျတယ်။ နောက်ပြီး စစ်ကောင်စီနဲ့ပတ်သက်ပြီး ဖြစ်ပေါ်တဲ့ ရာဇဝတ်မှုတွေ၊ စစ်အာဏာရှင်ရဲ့ အထောက်ကူပြုဒေါက်တိုင်တွေကို ဖြိုချဖျက်ဆီးဖို့ စတာတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းတယ်ပေါ့။ ရှေ့ဆက်သွားမယ့်အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်အရကတော့ သတင်းအချက်လက်ဆိုတာ ပြည်သူက ပေါက်ဖွားလာတာဆိုတော့ ပြည်သူကိုအခြေခံပြီး မှန်ကန်တိကျတဲ့ အချက်အလက်တွေ ရယူသွားမယ်၊ တော်လှန်ရေးအဖွဲ့စည်းအချင်းချင်း သတင်းအချက်အလက် အပြန်အလှန်ဖလှယ်နိုင်ရေး၊ အရေးယူဆောင်ရွက်နိုင်ရေးနဲ့ သတင်းအချက်လက်နဲ့ပတ်သက်ပြီး လုံခြုံမှု စတာတွေ ဆောင်ရွက်ပြီး အများပြည်သူ သိသင့်သိထိုက်တာတွေကိုလည်း ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်" လို့  ဒီဗွီဘီကို ပြောပါတယ်။

အဖွဲ့စည်းအနေနဲ့ ဖွဲ့စည်းတည်ထောင်ပြီးရက်က စတင်ကာ လက်တွေ့ဆောင်ရွက်နေပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်ဖို့ တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့စည်းများအနေနဲ့ ဒေသအလိုက် Central Intelligence Agency ( CIA ) ကို ဖွဲ့စည်းပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းအချက်လက်နဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်ရမယ့် တော်လှန်ရေး စစ်သည်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုံခြုံရေးနဲ့ ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်တွေ စတာတွေကိုလည်း ကဏ္ဍအလိုက်ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ သူလျှိုအဖြစ်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီရဲ့ စီးပွားရေး ဒေါက်တိုင်တွေ စတဲ့ အချက်လက်မှန်သမျှကို ခိုင်မာတိကျစွာ ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်တယ်လို့ သိရပါတယ်။

တမူးမြို့မှာ ဇူလိုင် ၅ ရက်နေ့က မိုးရေးဒေသခံ အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံလိုက်ရပြီး အဲ့ဒီကိစ္စနဲ့ပတ်သတ်လို့ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီရဲ့ ဒေါက်တိုင်ပျူစောထီးတပ်ဖွဲ့က သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အခိုင်မာပြောဆိုထားသလို အဲ့ဒီလုပ်ရပ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013