DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်မယ့် တပ်မတော် ကိုယ်စားလှယ် အမည်စာရင်း မထွက်သေး
DVB
·
April 2, 2014
တနိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်မယ့် တပ်မတော် ကိုယ်စားလှယ် အမည်စာရင်း မထွက်သေး
Donate to DVB

လွှတ်တော်၊ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ စတင်ဖို့ ၃ ရက်အလိုမှာ တပ်မတော်ဘက်က တက်ရောက်မယ့် ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဧပြီ ၅ ရက် ၆ ရက်နေ့ ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပမယ့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ် ၉ ဦးတက်ရောက်မှာ ဖြစ်သလို အစိုးရ၊ လွှတ်တော် တပ်မတော်က သုံးဦးစီပါဝင်တဲ့ ၉ ဦးနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

[caption id="attachment_50673" align="alignright" width="300"]NCCT လောခီးလာ ညီလာခံ ကျင်းပနေစဉ် ဇန်န၀ါရီလ ၂၃ ရက်နေ့က NCCT လောခီးလာ ညီလာခံ ကျင်းပနေစဉ်[/caption]

ဒါပေမယ့် တပ်မတော်ဘက်က တက်ရောက်မယ့် ကိုယ်စားလှယ် ၃ ဦးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ တက်ရောက်မယ့်သူတွေက ပြောပါတယ်။

လွှတ်တော်နဲ့ အစိုးရပိုင်းမှာ ဦးအောင်မင်းနဲ့ ဦးသိန်းဇော် ပါဝင်မယ်ဆိုတာကိုသာ သိရှိထားပြီး နောက်ဆက်တွဲ ဘယ်သူတွေပါမလဲ သိရှိရခြင်းမရှိသလို တပ်မတော်ပိုင်းက  ဘယ်သူတွေပါမလဲဆိုတာကိုတော့ အခုချိန်ထိ မသိသေးဘူးလို့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(အန်စီစီတီ) ရဲ့ ကော်မတီဝင်တဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“လွှတ်တော်နဲ့ အစိုးရတောင်မှ မရဘူး။ လွှတ်တော်နဲ့ အစိုးရမှာ ဦးအောင်မင်းနဲ့ ဦးသိန်းဇော် ပါမယ် ဆိုတာလောက်ပဲ သိတယ်။ နောက်ဆက်တွဲ ဘယ်သူတွေလဲ ဆိုတာ မသိဘူး။ နောက်တခါ တပ်မတော်ကတော့ လုံးဝ မရသေးဘူး။ အဲဒီနေ့ မနက်မှပဲ သူတို့ စာရင်းပေးမလားတော့ မပြောတတ်ဘူး။ ”

တက်ရောက်မယ့်သူစာရင်းကို များသောအားဖြင့် ကြိုတင်ပေးကြပေမယ့် ဧပြီ ၄ ရက်နေ့မှသာ သိရှိရနိုင်တယ်လို့ သူက ပြောပါတယ်။

၂ ဖက်သဘောတူညီနိုင်ချေရှိတဲ့ကိစ္စတွေကို ပြင်ဆင်ထားသလို အခုပြင်ဆင်ထားတဲ့ အကြောင်းအရာတွေက လော်ခီးလာ ညီလာခံက ချမှတ်ထားတဲ့ မူသဘောတူညီချက်တွေ အတိုင်းပဲလို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကလည်း    ၅ ရက်နေ့မနက် မြန်မာငြိမ်းချမ်းရေး စင်တာမှာ စတင်မယ့် ဆွေးနွေးပွဲမှာ ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးသူ အနေနဲ့ တက်ရောက်မှာ ဖြစ်ပြီး လွှတ်တော်ဘက်က ဦးသိန်းဇော်တက်ရောက်မယ်ဆိုတာ သိရှိပေမယ့်  တပ်မတော်ဘက်က တက်ရောက်မယ့် ကိုယ်စားလှယ် ၃ ဦးအမည်စာရင်းကတော့ မထွက်လာသေးဘူးလို့ ပြောပါတယ်။

အရင်က ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာတော့ တပ်မတော်ဘက်က ကိုယ်စားလှယ်အဖြစ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးတို့ တက်ရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက အစိုးရသက်တမ်းသုံးနှစ်ပြည့် သမတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တရပ် ချမှတ်နိုင်ဖို့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ဖိတ်ကြားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မနှစ်နှစ်ကုန်ပိုင်းက မြစ်ကြီးနားမှာ သမိုင်းဝင် ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ရာမှာ တနိုင်ငံလုံးအပစ်ရပ်ရေးကို ဖော်ဆောင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဖို့ လိုလားကြောင်း ပူးတွဲကြေညာခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013