DVB Logo
Home
မြန်မာသတင်း
ယောဒေသအတွင်း ဆေးဝါးစျေးနှုန်း မြေပြန့်ထက် ၄ ဆခန့်မြင့်တက်
DVB
·
July 13, 2022
ယောဒေသအတွင်း ဆေးဝါးစျေးနှုန်း မြေပြန့်ထက် ၄ ဆခန့်မြင့်တက်
1 / 2
Donate to DVB

မကွေးတိုင်း ယောဒေသမှာ ဆေးဝါးစျေးနှုန်းတွေ မြေပြန့်ဒေသထက် ၄ ဆလောက် မြင့်တက်နေပြီး သယ်ယူရတဲ့ နေရာတွေမှာလည်း အခက်ခဲအမျိုးမျိုး ကြုံတွေ့နေရတယ်လို့ PDF-ထီးလင်း (YRPA) က ပြောပါတယ်။

ယောဒေသအတွင်းမှာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိနေပေမဲ့ ဆေးဝါးသယ်ယူရတဲ့လမ်းကြောင်းတွေကို အဆင့်ဆင့် သယ်ယူနေရပြီး အန္တရာယ်လည်း များပြားတယ်တယ်လို့  PDF-ထီးလင်း(YRPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ပြောပါတယ်။

“တော်လှန်ရေးအင်အားစုတွေ ရှိနေတာမို့ စစ်(...)တွေကို တိုက်ခိုက်ရင်း လမ်းကြောင်းရှာပြီး သယ်ယူကြရကာ ဆေးတစ်ခေါက်မှာဖို့ဆိုရင်လည်း လနဲ့ချီကြာမြင့်တယ်။ မြေပြန်ဒေသမှာ ပါရာစီတမော တပြားကို ၂၀၀ ကျပ်ဆိုရင် ကျနော်တို့ ယောဒေသမှာ ၈၀၀ ကျပ်လောက်အထိ ပေးဝယ်နေရလို့ ဆေးဝါးစျေးနှုန်း ၄ ဆလောက်အထိ မြင့်တက်နေတယ်။”

စစ်တပ်က မြေပြန့်နဲ့ ယောဒေသကြားမှာ ဂိတ်တွေအဆင့်ဆင့်ချထားပြီး ဆေးဝါးတွေနဲ့ မိရင် ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေသလို ဆေးပစ္စည်းရောင်းတဲ့ဆိုင်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ်တယ်လို့ ဗိုလ်သူလင်းကျော်က ပြောပါတယ်။

“စစ်(...)တွေကတော့ ပြည်သူတွေကို ရန်သူလို သဘောထားပြီး လူသားချင်းစာနာမှု၊ လူအခွင့်ရေး ဘာမှမရှိသလို ဆေးဝါးသာမက စားသောက်ကုန်တွေ၊ စိုက်ပျိုးရေးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းအားလုံးကို ယောဒေသနဲ့ ချင်းတောင်သို့ သယ်ယူခွင့်တွေ ကန့်သတ်တားမြစ်ထားကြတယ်။”

PDF-ထီးလင်း ထိန်းချုပ်နယ်မြေထဲမှာ ဇူလိုင် ၁၀ ရက်နေ့ကလည်း CDM ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဦးစီးပြီး ဒေသခံပြည်သူ ၅၀၀ ကျော်လောက်ကို အခမဲ့ ဆေးဝါးကုသပေးပြီး ကျန်းမာရေးအသိပညာပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့လည်း ယောဒေသအတွင်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးတွေဖြည်ဆည်းနိုင်ဖို့ မိမိတို့တပ်နိုင်သရွေ့ ထောက်ပံကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013