DVB Logo
Home
မြန်မာသတင်း
စစ်တွေမှာ ဖမ်းဆီးမှုတွေ စတင်
DVB
·
April 2, 2014
စစ်တွေမှာ ဖမ်းဆီးမှုတွေ စတင်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်ကဖွဲ့စည်းပေးခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူထားတဲ့အကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ အပြောကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာရေးပါတယ်။

[caption id="attachment_53970" align="alignright" width="500"]ဓာတ်ပုံ - April Maung Maung ဓာတ်ပုံ - April Maung Maung[/caption]

ဗိုလ်ချုပ်မောင်မောင်အုန်းက နောက်ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်လုပ် မလုပ်ကတော့ စုံစမ်းစစ်ဆေးမှု အခြေအနေ တိုးတက်မှုတွေပေါ် မူတည်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့က ဦးဝင်းမြိုင်ကတော့ ဖမ်းဆီးတာမဟုတ်ဘဲ စုံစမ်းစစ်ဆေး မေးမြန်းနေတာသာဖြစ်ပြီး အရေအတွက်ကိုတော့ သိရှိရခြင်းမရှိဘူးလို့ ပြောပါတယ်။

“သူတို့ကခေါ်လိုက်တယ်။ သူတို့ သတင်းရလို့ စစ်လိုက်တယ်။ နောက် ပေါ်လို့ ထပ်ခေါ်တယ် ပြန်လွှတ်တယ်။ အဲဒီလိုမျိုးပဲ ရှိပါသေးတယ်ခင်ဗျ။ ၁ ရက်နေ့ကစပြီး စစ်ဆေးနေပါတယ်။ ဖမ်းတယ်လို့တော့ မဟုတ်သေးဘူး။ ဒီလူဟုတ်လား၊ ပါတယ်ဆို သူက ထပ်ခေါ်ရပ် နောက်ထပ်ခေါ် မဟုတ်ဘူးဆို ပြန်လွှတ် အဲဒီလိုမျိုးပါပဲခင်ဗျ။”

မတ်လ ၃၁ ရက်နေ့ကစတင်တဲ့ စစ်ဆေးမှုမှာ မပတ်သက်သူတွေကို ပြန်လွှတ်ပေးနေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီကော်မရှင်ဟာ စုံစမ်း တွေ့ရှိချက်တွေကို ဧပြီ ၇ ရက်နေ့ထက် နောက်မကျစေဘဲ သမ္မတထံ  အစီရင်ခံရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမှာ မတ် ၂၆ ရက်နဲ့ ၂၇ ရက်တွင်ဖြစ်ပွားခဲ့တဲ့ လူအုပ်စုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ရုံးတွေ နေအိမ်တွေကို တိုက်ခိုက်မှု ၃၅ ကြိမ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တိုက်ခိုက်မှုအတွင်း သေနတ်ကျည် မတော်တဆ ထိမှန်တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013