DVB Logo
Home
မြန်မာသတင်း
တာမွေ၌ စစ်ကောင်စီတပ်ကို ဗုံးခွဲမည့်အစီအစဉ် ပြည်သူများရှိနေသဖြင့် ဖျက်သိမ်းခဲ့ရ
DVB
·
July 12, 2022
တာမွေ၌ စစ်ကောင်စီတပ်ကို ဗုံးခွဲမည့်အစီအစဉ် ပြည်သူများရှိနေသဖြင့် ဖျက်သိမ်းခဲ့ရ
Donate to DVB

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းချ ရပ်နားလေ့ရှိတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ် အောင်မင်္ဂလမ်းထိပ်က အမှိုက်ပုံနားမှာ မြို့ပြတော်လှန်ရေးအင်အားစုက ဗုံးထောင်ထားခဲ့ပေမဲ့ အမှိုက်ကောက်တဲ့ကလေးတွေက တွေ့ရှိခဲ့ပြီး ပြည်သူတွေ ဝိုင်းအုံကြည့်ရှုနေတာကြောင့် အဲဒီစစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

မြို့ပြတော်လှန်ရေးအင်အားစုများအဖွဲ့ရဲ့တာဝန်ရှိသူတစ်ယောက်က “ကျနော်တို့ အခုထောင်တဲ့ဗုံးက အဆင့်မြှင့်ထားတဲ့ဗုံး ဖြစ်တယ်။ မနက် ၁၁ နာရီကျော်မှာ အမှိုက်ကောက်တဲ့ ကလေးတွေ ရောက်လာပြီး ဗုံးကိုတွေ့တဲ့အခါမှာ အော်ဟစ်ခဲ့တာကြောင့် သူတို့တွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကျနော်တို့ ဖျက်သိမ်းခဲ့ရတယ်။ အဲဒီဗုံးကို စစ်ကောင်စီကသူတွေလည်း မဖြုတ်တတ်တော့ ၁၂ နာရီမှာ စစ်ကောင်စီအဖွဲ့တွေက ဖောက်ခွဲပစ်လိုက်တယ်”လို့ ပြောပါတယ်။

မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးရှင်းလင်းရေးအဖွဲ့တွေ ရောက်လာပြီး အောင်မင်္ဂလာလမ်းထိပ်နဲ့ ဗညားဒလလမ်းကို ပိတ်လိုက်ကာ ဘယ်သူကိုမှ ပေးမသွားဘဲ ပိတ်ချထားလိုက်တယ်လို့  အဲဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတယောက်ပြောပါတယ်။ 

အခုလို အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကောင်စီတပ်ရဲ့ ကားကို  ဗုံးခွဲမယ့်အစီအစဉ်ကို Yangon Liberation Force ( YLF)  နဲ့ မဟာမိတ်အဖွဲ့ ဖြစ်တဲ့ Urban Revolutionary Front (URF) တို့က ပူးပေါင်းကြိုးစားခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။

မစ်ရှင်တခုဖြစ်လာစေဖို့ အချိန်များစွာ၊ ငွေကြေးများစွာနဲ့ ရဲဘော်တွေရဲ့ အသက်ကိုပါ အရင်းအနှီးပြုလုပ်ထားရတာကြောင့် အခုလို မစ်ရှင်ဖျက်သိမ်းရတဲ့အခါ ဆုံးရှုံးနစ်နာမှု များစွာရှိတဲ့အကြောင်း ပြည်သူတွေအနေနဲ့ ဗုံးတွေ့တဲ့အခါ  စပ်စုတာတွေ ဝိုင်းအုံကြည့်ရှုတာတွေ မပြုလုပ်ကြပဲ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ 

ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေနဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့  တိုက်တွန်းလိုတယ်လို့ မြို့ပြတော်လှန်ရေးအင်အားစုက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013