DVB Logo
Home
Lead Story
သီလ၀ါ မြေကွက်ဝယ်ထားသူတွေ Project Proposal အတိုင်းမလုပ်ရင် ပြန်သိမ်းမည်
DVB
·
April 2, 2014
သီလ၀ါ မြေကွက်ဝယ်ထားသူတွေ Project Proposal အတိုင်းမလုပ်ရင် ပြန်သိမ်းမည်
Donate to DVB

သီလ၀ါ အထူးစီးပွားရေးဇုန်က မြေကွက်တွေကို လာမယ့် မေလဆန်းမှာ စပြီး ရောင်းချပေးမှာ ဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမရှိတဲ့ လူတွေဆီက မြေကွက်တွေကိုတော့ ပြန်သိမ်းယူတဲ့စနစ် ကျင့်သုံးသွားမယ်လို့ သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဌ ဦးဝင်းအောင်က ပြောပါတယ်။

[caption id="attachment_47770" align="alignright" width="500"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]ရန်ကုန် ကုန်သည်ကြီးများဟိုတယ်မှာ မတ် ၃၁ ရက်နေ့က ကျင်းပတဲ့ ဟောင်ကောင် စီးပွားရေးမစ်ရှင်အဖွဲ့နဲ့ ရန်ကုန်တိုင်းအစိုးရတို့ ပူးပေါင်း ကျင်းပတဲ့ စီးပွားရေးကွန်ရက် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

စီးပွားရေးဇုန် မြေကွက်တွေဟာ တကယ်ရင်းနှီးလုပ်ကိုင်သူတွေ လက်ထဲ ရောက်သွားဖို့ အတွက် မြေကွက်စတင် လျှောက်ထားစဉ်ကတည်းက တိကျတဲ့ ပရောဂျက်အစီအစဉ်တွေ တင်ပြခိုင်းထားကြောင်း၊ မြေကွက် ရောင်းချပေးပြီးနောက်ပိုင်း အဲဒီ အစီအစဉ်တွေအတိုင်း လုပ်
မလုပ် စောင့်ကြည်မှာ ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိရင် ငွေပြန်ပေးပြီး မြေကွက် ပြန်သိမ်းမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ မြေကွက်ဝယ်ဖို့ လာတင်ပြလာတဲ့ ကုမ္ပဏီတွေထဲက ၇၀ ရာခိုင်နှုန်းဆီကနေ Project Proposal ရရှိထားပြီလို့ ဦးဝင်းအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013