DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် NUG လမ်းညွှန်မှုဖြင့် စာသင်ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်
DVB
·
July 10, 2022
ထီးချိုင့်မြို့နယ်တွင် NUG လမ်းညွှန်မှုဖြင့် စာသင်ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန်မှုနဲ့ အတူ အခြေခံပညားရေး‌ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားပါတယ်။

ထီးချိုင်မြို့နယ်မှာ ထီးချိုင့်မြို့ပေါ်မှာသာ စစ်ကောင်စီက အထိုင်ချထားပြီး မြို့ပေါ်စာသင်ကျောင်းတွေသာ ဖွင့်လှစ်နေကာ မြို့အပြင် တခြားနေရာတွေမှာတော့ NUG လမ်းညွှန်မှုနဲ့ ကျောင်းပေါင်း ၄၀ ဝန်းကျင်ဖွင့်လှစ်ထားတယ်လို့  ထီးချိုင့်မြို့နယ်ပညာရေးနဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“ထီးချိုင့်မြို့နယ်မှာဆိုရင် စစ်ကောင်စီက မြို့ပေါ်ကျောင်း(၅)နဲ့ မြို့မှာက သူတို့တပ် အထိုင်ချထားတာကို။ ဧရာဝတီမြစ်အရှေ့ခြမ်းမှာဆိုရင် မြတောင်တို့၊ မောင်းကုန်းဘက်တို့ စခန်းချထားတယ်။ အဲဒီမြတောင်ဘက်လည်း ဖွင့်နိင်တယ်၊ လေးငါးခြောက်‌ ကျောင်း ခုနှစ်‌ကျောင်းလောက်ပဲ ဖွင့်နိုင်တယ်။ ကျန်တဲ့ နေရာတွေမှာ NUG ရဲ့ အစီစဥ်နဲ့ပဲ သင်ကြားရေးတွေ သွားနေတယ်၊ အခုလောလောဆယ် ဖွင့်ထားတာကတော့ ၄၀ လောက်ရှိနေပြီ၊ ထပ်ပြီးဖွင့်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်။” 

ထီးချိုင့်မြို့နယ်ထဲ အခြေခံပညာရေးမှာ မူလတန်းကနေ  အထက်ကျောင်းအထိ ဖွင့်လှစ်နေပြီး မတ်လကနေစတင်ကာ တဖြည်းဖြည်းနဲ့ ကျောင်းတွေတိုးဖွင့်လာတာလို့ သိရပါတယ်။ 

ထီးချိုင့်မြို့နယ်မှာ NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်နေတဲ့ ကျောင်းတွေမှာ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်း (volunteer) ဆရာ၊ ဆရာမတွေ စုပေါင်း သင်ကြားနေတာဖြစ်ပြီး အခက်ခဲတွေကြားထဲကနေ ကလေးတွေ ပညာသင်ကြားခွင့်ရဖို့ အဓိကထားဆောင်ရွက်နေတာလို့ ပညာရေနဲ့ပတ်သက်ပြီး ပါဝင်‌ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“အခက်အခဲတွေက အများကြီးပေါ့နော။ ဆရာ/ဆရာမကလည်း CDMတွေနဲ volunteer တွေပေါင်ပြီးသင်ရတဲ့ အနေအထားတွေရှိတယ်။ ဆရာ/ဆရာမ မလုံလောက်တာတွေရှိတယ်၊ ဒါပေမဲ အဆင်ပြေအောင်တော့ လုပ်ရတယ်။ နောက်တခုက လုံခြုံရေးပိုင်းပေါ့နော၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေရှိတယ်၊ အခက်အခဲကတော့ ဒီကာလကတော့ ဒီလိုပဲပေါ့။ (စကစ) စစ်ကြောင်းမထိုးတဲ့ အချိန်တွေဆို ပုံမှန်အတိုင်းပဲ စာသင်တယ်၊ စစ်ကြောင်းထိုလာပြီးဆိုရင် ရှောင်ရတိမ်းရတယ်ပေါ့၊ အဲလိုပုံစံတွေရှိတယ်။ စာသင်ကျောင်းကတော့ နေရာဒေသပေါင်းစုံကို အဆင်ပြေအောင်ဖွင့်ရတာပေါ့နော။ စာသင်ကျောင်းမှာ ဖွင့်တာရှိတယ်၊ ကိုယ့်ရပ်ထဲရွာထဲ ဖွင့်တာတွေရှိတယ်၊ နေရာတွေက အဓိကမဟုတ်ဘူးပေါ့နော၊ အဓိကက ကလေးတွေ စာသင်ဖြစ်နေဖို့ လုပ်ဆောင်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

စာသင်ကျောင်း ၄၀ မှာ ကျောင်းသား၊ ‌ကျောင်းသူပေါင်း ၄၀၀၀ အထက် သင်ယူနေကြပါတယ်။  ထီးချိုင့်မြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက် ပညာ‌ရေးဌာနတွေက မြို့ပေါ်ကျောင်းတွေ ဖွင့်လှစ်ထားပေမဲ့ တက်ရောက်တဲ့ ကျောင်းသူ/ကျောင်းသား ဦးရေ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ 

ထီးချိုင့်မြို့နယ်က အထက်တန်းကျောင်းဟာ ပုံမှန်စာသင်ချိန်တွေမှာ ‌ကျောင်းသားသုံးလေးထောင် တက်လေ့ရှိပေမဲ့ အခုအချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဝန်းကျင်သာ တက်ရောက်နေသလို အမှတ် (၁) စံပြကျောင်းမှာလည်း ပုံမှန်ထောင်ချီတက်ရောက်ပေမဲ့ လက်ရှိအချိန်မှာတော့ ၅၀ ဝန်းကျင်သာ တက်ရောက်နေပါတယ်။

စစ်ကောင်စီတပ်သားတွေက NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတာတွေ ရှိသလိ် စာသင်ပေးကြားနေတဲ့ Volunteer ဆရာမတွေကို ဖမ်းဆီးထားပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံရတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013