DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းစာရင်းထုတ်ပြန်၊ မြန်မာက နိုင်ငံ ၁၆၀ ကျော်ထဲ အဆင့် ၁၃၉ ရပ်တည်
DVB
·
July 10, 2022
ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းစာရင်းထုတ်ပြန်၊ မြန်မာက နိုင်ငံ ၁၆၀ ကျော်ထဲ အဆင့် ၁၃၉  ရပ်တည်
Donate to DVB

၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်း စာရင်းကို ထုတ်ပြန်ရာမှာ စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှု ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၆၀ ကျော်ထဲ အဆင့် ၁၃၉ နေရာမှာ ရပ်တည်နေပါတယ်။

ဒီအညွှန်းကိန်း သတ်မှတ်ချက်ကိုတော့ ဘယ်အစိုးရအဖွဲ့အစည်းတွေနဲ့မှ မပတ်သက်တဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Institute of Economics and Peace အဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို လေ့လာပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။ 

ငြိမ်းချမ်းရေးကို တိုင်းတာရာမှာတော့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းပြည်ပ အကြောင်းအချက်တွေ အပါအဝင် အကြမ်းဖက်မှုတွေ၊ စစ်တပ် အသုံးစရိတ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ လူ့အခွင့်အရေးစတဲ့ အချက်တွေ အပါအဝင် အကြောင်းအချက် တော်တော်များများကို ကြည့်ရှု အကဲဖြတ်ထားတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ အညွှန်းကိန်း အဆင့်သတ်မှတ်ချက်အရ ကမ္ဘာမှာ အငြိမ်းချမ်းဆုံး နိုင်ငံကတော့ အိုက်စလန်ဖြစ်ပြီး သူ့နောက်မှာတော့ နယူးဇီလန်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ ဩစတြီးယားနိုင်ငံတွေက ထိပ်ဆုံးအဆင့် ၅ နိုင်ငံ အနေနဲ့ ရပ်တည်နေတာပါ။

အညွှန်းကိန်းစာရင်းရဲ့ အောက်ဆုံးအဆင့် ကမ္ဘာ့မငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန်နိုင်ငံက ရပ်တည်နေပြီး သူ့အထက်မှာတော့ ယီမင်၊ ဆီးရီးယား၊ ရုရှားနဲ့ တောင်ဆူဒန်နိုင်ငံတွေက အသီးသီးရှိနေတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကတော့ ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး သူ့နောက်ကပ်လျက် အဆင့် ၁၀ နေရာမှာတော့ ဂျပန်နိုင်ငံက အာရှဒေသတွင်း အငြိမ်းချမ်းဆုံးနိုင်ငံတွေအနေနဲ့ ရှိနေပြီး အာဆီယံဒေသတွင်းမှာတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးအညွှန်းကိန်း အောက်ဆုံးအဆင့်မှာ ရှိနေတာပါ

အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံကတော့ နိုင်ငံပေါင်း ၁၆၀ ကျော်ထဲ အဆင့် ၈၉ နေရာမှာ ရှိနေပြီး အမေရိကန်နိုင်ငံကတော့ အဆင့် ၁၂၉ နေရာမှာ ရှိနေတာပါ။

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေထဲမှာတော့ အိန္ဒိယနိုင်ငံက အဆင့် ၁၃၅၊ လာအိုနိုင်ငံက အဆင့် ၅၁၊ ထိုင်းနိုင်ငံက အဆင့် ၁၀၃၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့် ၉၆ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013