DVB Logo
Home
Lead Story
သမီးလေးရွာသားတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်
DVB
·
April 2, 2014
သမီးလေးရွာသားတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်
Donate to DVB

သမီးလေးကျေးရွာကနေ ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ပေးခဲ့တဲ့ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းဝင်းတခုလုံးကို ဖယ်ရှား ပေးဖို့ ပဲခူးတိုင်း ဆည်မြောင်းဦးစီးဌာနက စာထုတ်လိုက်တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို မိန့်ပါတယ်။

ပဲခူးမြို့နယ်မှာ ရှိတဲ့ အလိုင်နီ ရေလှောင်တမံရဲ့ ပိုင်နက်အတွင်းမှာ ဘုန်းကြီးကျောင်းက ပါနေတာကြောင့် ရွှေ့ပြောင်းခိုင်းတာလို့ ဧပြီ ၁ ရက်နေ့က သက်ဆိုင်ရာက စာထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

[caption id="attachment_54254" align="alignright" width="450"]သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ် သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်[/caption]အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်းဟာ ၄ ဧကခန့် ကျယ်ဝန်းပြီး စာသင်ကျောင်း အပါအ၀င် သီတင်းသုံးရာ ကျောင်းဆောင် စုစုပေါင်း ၆ ဆောင် ရှိပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းအဖြစ် အလယ်တန်းပညာ သင်ကြားတဲ့ကျောင်းလည်း ဖြစ်ပါတယ်။

အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ရဟန်းသံယာ ၂၀ နီးပါးလောက် သီတင်းသုံးနေကြပြီး စာသင်ကျောင်းမှာ စာသင်ကြားနေသူ ၂၀၀ ကျော်ခန့် ရှိပါတယ်။

အလိုင်နီ ရေကာတာ မတည်ဆောက်ခင်နဲ့ တည်ဆောက်နေစဉ်ကာလက ဒီဘုန်းကြီးကျောင်းကို ဖယ်ရှားခြင်းမရှိပဲ သမီးလေးကျေးရွာက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးခဲ့ပြီးနောက် ခုလို ရွှေ့ပြောင်းဖို့ စာထွက်လာတာပါ။

လတ်တလော သမီးကလေးကျေးရွာသားတွေကတော့ ယာယီဒုက္ခသည်စခန်းကနေ ဒီကေဘီအေ ထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်နဘေးက ကျေးရွာတရွာကို ပြောင်းရွှေ့ နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013