DVB Logo
Home
Lead Story
မိကျောင်းကန် ညှိနှိုင်းမှု အဆင်မပြေ
DVB
·
April 2, 2014
မိကျောင်းကန် ညှိနှိုင်းမှု အဆင်မပြေ
Donate to DVB

မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်ခဲ့တဲ့ ၉ ရက်မြောက်နေ့ ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ မိကျောင်းကန်ဒေသခံတွေ ရန်ကုန်မြို့တော်ခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ကျေနပ်လောက်တဲ့ သဘောတူညီမှု မရလို့ ဆက်ပြီး သပိတ်စခန်း ဖွင့်သွားမယ်လို့ ဆန္ဒပြသူတွေ ကပြောပါတယ်။

Mikyaungkanဒီနေ့ တွေ့ဆုံညှိနှိုင်းကြရာမှာ လွှတ်တော်အမတ်တွေဘက်က အစိုးရဘက်ကို မိကျောင်းကန် မြေယာပြသာနာကို ဖြေရှင်းပေးဖို့ ကတိတောင်းဆိုခဲ့ပြီး အစိုးရဘက်ကလည်း အပြန်အလှန် တောင်းဆို ကတိပေးခဲ့ကြတယ်လို့ ဆန္ဒပြသမားတဦးဖြစ်တဲ့ ဒေါ်နေနွယ်သန်းက ပြောပါတယ်။

မိကျောင်းကန်သပိတ်စခန်းကသူတွေ အနေနဲ့ကတော့ မြေယာကိစ္စတွေကို ဖြေရှင်းပေး ပါမယ်ဆိုတဲ့ ကတိစကားကြောင့် ပြီးခဲ့တဲ့နှစ်ကုန်လောက်က ပထမအကြိမ် သပိတ်စခန်းကို ပိတ်သိမ်းပေးခဲ့ပေမယ့် ဖြေရှင်းပေးတာမျိုး မရှိလို့ ခု တကြိမ်မှာလည်း ကတိပေးတာလောက်နဲ့ ညှိနှိုင်းမှု မပြေလည်နိုင် ဖြစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်လည်း မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွင်းတာတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013