DVB Logo
Home
မြန်မာသတင်း
ကိုရီးယားအလုပ်အကိုင်စာမေးပွဲ (EPS- Topik) ဖြေဆိုခွင့် လျှောက်ထားမှု ခေတ္တရပ်
DVB
·
July 10, 2022
ကိုရီးယားအလုပ်အကိုင်စာမေးပွဲ (EPS- Topik) ဖြေဆိုခွင့် လျှောက်ထားမှု ခေတ္တရပ်
Donate to DVB

တောင်ကိုရီးယားအလုပ်အကိုင်စာမေးပွဲ (EPS-Topik) ဖြေဆိုခွင့်လျှောက်ထားတာကို လာမယ့် ဇူလိုင် ၁၁ ရက် မနက်အထိ ခေတ္တခဏရပ်ထားမယ်လို့ စာမေးပွဲကျင်းပရေးတာဝန်ယူနေတဲ့ POEA EPSက ထုတ်ပြန်ပါတယ်။

အဲဒီစာမေးပွဲဖြေဆိုခွင့်‌လျှောက်လွှာတွေကို ဇူလိုင် ၇ ရက်စပြီး အွန်လိုင်းကနေတဆင့် လက်ခံနေတာဖြစ်ပြီး လက်ရှိအချိန်အထိ လျှောက်ထားပြီးသားတွေကို ပြန်စိစစ်ဖို့အတွက် အသစ် လျှောက်ထားတာတွေကို ဇူလိုင် ၉ ရက် ညနေ ၃ နာရီကစပြီး ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီအထိ  ခဏရပ်ထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

(EPS Topik) စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူတွေအနေနဲ့ အကြိမ်ကြိမ်လျှောက်တာမလုပ်ဖို့နဲ့ အဲဒီလိုလုပ်ရင်ငွေသွင်းရမယ့်နံပါတ်၊ စာမေးပွဲခုံနံပါတ် မှန်ကန်စွာမရနိုင်ဘူးလို့လည်း POEA EPSက အသိပေးထားပါတယ်။

အဲဒီစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားတာကို ဒီနှစ်မှစတင် အွန်လိုင်းကနေလက်ခံတာဖြစ်ပြီး စာမေးပွဲဖြေဆို ခွင့်လျှောက်ထားတာကို ဇူလိုင် ၂၃ ရက်အထိလက်ခံသွားမှာဖြစ်ကာ သြဂုတ်ကနေ ဒီဇင်ဘာလအထိ စာမေးပွဲကျင်းပသွားမယ်လို့ POEA EPSက ထုတ်ပြန်ပါတယ်။

ကိုရီးယားအလုပ်အကိုင်သင်တန်းနည်းပြတစ်ဦးက "ဒီနှစ်မှာ လျှောက်တဲ့သူများနိုင်တယ်။ အွန်လိုင်းစနစ်နဲ့ စလုပ်တော့ စာမေးပွဲကျင်းပရေးအဖွဲ့ရော၊ လျှောက်သူတွေရော နည်းပညာအခက်အခဲ ရှိပုံရတယ်"လို့ ပြောပါတယ်။

EPS Topikစ စာမေးပွဲကို  အရင်ကနှစ်စဥ် မြန်မာလုပ်သား ၂၅၀၀၀ လောက် ဝင်ရောက်ဖြေဆိုလေ့ရှိပြီး အောင်မြင်သူ ၆၀၀၀ လောက်ရှိပါတယ်။

ဒီနှစ်မှာတော့ စာမေးပွဲမလုပ်တာကြာပြီဖြစ်လို့ ဖြေဆိုမယ်သူဦးရေဟာ အရင်ထက်နှစ်ဆလောက် များနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် ကိုရီးယားအလုပ်ရှင်ကိုယ်စားပြုအဖွဲ့ (HRD-KOREA)က ဒီနှစ်မှာ လုပ်သားဦးရေ  ၁၀,၀၀၀  လောက်အထိ အလုပ်အကိုင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေပြီး အလုပ်အကိုင်ရှားပါး ဝင်ငွေနည်းပါးမှုကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာ အလုပ်လုပ်ကိုင်ကြဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013