DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်လက်တက်ပေါ်မှ ရေကာတာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်
DVB
·
April 2, 2014
သံလွင်မြစ်လက်တက်ပေါ်မှ ရေကာတာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင်း စီးဆင်းသွားတဲ့ သံလွင်မြစ်လက်တက် နမ့်မမြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူ နိုင်ငံခြားကုမ္ပဏီတွေက ရေကာတာ ၂ ခုဆောက်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတာမှာ ဒါဟာ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကို ထိခိုက်စေတယ်လို့ ပြင်တွင်းပြည်ပ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် ယူနီဆာ့ဗ်ခန်းမမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

10001388_646390102099016_1731706111_nနမ့်မမြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေက နောင်ဖာ ရေကာတာနဲ့ မန်တုန် ရေကာတာ ၂ ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတာ၊ ကုမ္ပဏီထဲမှာ အစိုးရတပ်နဲ့ ဆက်စပ်နေတဲ့ သူတွေ ပါဝင်နေတာကြောင့် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းစဉ်အပေါ် ယုံကြည်မှု ပျက်ပြားစေတယ်လို့ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းရဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ခုလိုပြောပါတယ်။

“ဒီနေရာမှာ လှုပ်ရှားဖို့က သဘောတူထားတယ်။ ဒါပေမယ့် အခုကလည်း သဘောတူထားတဲ့ နေရာ ပြန်ဖယ်ခိုင်းတယ်။ ဒီ ရေကာတာကလည်း ၀င်လာမယ် ၊ နောက်ပြီးတော့ စစ်အင်အားတွေ တိုးချဲ့တယ်။ ဒါကြောင့်မို့လို့ ဒီရေကာတာကို ဆက်လုပ်ရင်လည်း ငြိမ်းချမ်းရေးကို ထိခိုက်တာဘဲ။ ငြိမ်းချမ်းရေးကို ထိခိုက်တာဟာ ကျနော်တို့ လူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ထိခိုက်တယ်။ ကြောက်နေရ လန့်နေရ၊ ပြေးနေရရင် ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဒီမိုကရေစီဆို ပိုဝေးသေးတယ်၊ ဒါကြောင့် ရှမ်းပြည်နယ်က နေထိုင်နေတဲ့ လူထုတွေရော ရှမ်းလူ့အဖွဲ့အစည်းတွေကရော စီမံကိန်းရပ်သင့်ပြီဆိုတာကို ကျနော်တို့က ဒီနေ့ လာပြီးတော့ ရှင်းလင်းပွဲလုပ်ရခြင်းဖြစ်တယ်။”

ဒါ့အပြင် ရေကာတာတည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး အဲဒီမြစ်ကြော တလျှောက် နေထိုင်သူ ပြည်သူတွေ နေထိုင်မှုဘ၀ ထိခိုက်မှာ စိုးရိမ်မကင်းဖြစ်ရတာက တကြောင်း၊ အဲဒီစီမံကိန်း အနီးတ၀ိုက်က ရွာသားတွေဟာ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရကြား တိုက်ပွဲကြောင့် ထွက်ပြေးနေရဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာ ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ စီမံကိန်းအကောင်အထည် မဖော်သင့်ဘူးလို့လည်း ထုတ်ပြန်ထား ပါတယ်။

ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်နဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ မတ် လ ၁၇ ရက်နေ့က တန့်ယန်းမြို့ကို ရောက်ရှိလာပြီး ပြည်သူလူထုရှင်းလင်းပွဲတရပ် လုပ်ခဲ့ပေမယ့် စီမံကိန်းနဲ့ အနီးဆုံးကျေးရွာ၊ ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရွာကပြည်သူတွေကိုတော့ ဖိတ်ခေါ်ခြင်းမရှိဘူးလို့ စိုင်းခေးဆိုင်က ပြောပါတယ်။

ရေကာတာ စီမံကိန်းကရရှိတဲ့ ရေအားလျှပ်စစ်ကို တရုတ်ပြည်ကို နှစ် ၄၀ စာရောင်းချပေးဖို့ လက်မှတ် ထိုးပြီးကြောင်း၊ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမယ့် ရွာတွေအတွက် အိုးသစ်အိမ်သစ်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်းနဲ့ မြေယာတွေ ပြန်ပေးမယ်လို့ အာဏာပိုင်နဲ့ ကုမ္ပဏီက ကတိပေးခဲ့ပေမယ့် ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုးတွေကို အသိပေးဖော်ပြတာ မရှိသလို ရေကာတာကျိုးပေါက်ခဲ့ရင် ဒါဟာ အစိုးရစီမံကိန်းဖြစ်တဲ့အတွက် ကုမ္ပဏီက တာဝန်ယူမှာ မဟုတ်ကြောင်းလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရေကာတာစီမံကိန်း ချက်ချင်းရပ်ပေးဖို့ ပြည်တွင်းပြည်ပ ရှမ်းလူငယ်အဖွဲ့၊ လူမှုအခြေပြု အဖွဲ့အစည်းနဲ့ ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၁၆ ခုက လူပေါင်း ၃ ထောင်ကျော် လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013