DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်ကောင်စီတပ်အနီး နွားကျောင်းသည့် ကလေး ၄ ဦး မြေမြှုပ်မိုင်းထိမှန် ဒဏ်ရာရ
DVB
·
July 9, 2022
မြောက်ဦးတွင် စစ်ကောင်စီတပ်အနီး နွားကျောင်းသည့် ကလေး ၄ ဦး မြေမြှုပ်မိုင်းထိမှန် ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ နွားကျောင်းသွားတဲ့ ကလေး လေးယောက်  ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းထိမှန်ပြီး  နှစ်ယောက်က ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ခမရ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းနားမှာ  နွားကျောင်းနေချိန် အခုလိုဖြစ်ပွားတာဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ ကလေး နှစ်ယောက်ကို မြောင်းဘွယ်တိုက်နယ်ဆေးရုံကို ပို့ဆောင်းပေးခဲ့တယ်လို့ Arakan Responders for Emergency (ARE) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ ​ မိုရာရီပ အသက် ၁၄ နှစ်၊  ချောင်ချူအာလောင် အသက် ၁၆ နှစ်၊ မာမောတ်အာဒဲက် အသက် ၁၃ နှစ်နဲ့ အုံမော်ဆာဒဲက် အသက် ၁၃ နှစ်တို့ ဖြစ်ကြပါတယ်။

Arakan Responders for Emergency (ARE) တာဝန်ရှိသူက "မိုင်းထိတာက လူငယ် ၄ ဦးလို့ထိတာပါ။ သူတို့က ခမရ ၃၇၇ တပ်ရင်းအနီး ဘောင်းဒွတ်တောင်တန်းအနီးမှာ နွားကျောင်းနေကြတာပါ။ အဲဒီမှာ နေ့လယ် ၂ နာရီလောက်မှာ မိုင်းထိသွားတာပါ။ အသက် ၁၄ နှစ်အရွယ် မောင်မိုရာရီပမှာ ညာဘက်ခြေထောက် ခြေမျက်စိ အထက်က ပြတ်သွားသလို ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ရသွားတယ်။  နောက်တစ်ယောက်မှာလည်း ခန္ဓာကိုယ် တချို့မှာ ထိခိုက်ဒဏ်ရာတွေ ရသွားတယ်။ သိပ်တော့ မစိုးရိမ်ရဘူး။ အခုက သူတို့ နှစ်ဦးကို မြောင်းဘွယ်ဆေးရုံမှာ အရေးပေါ်ကုသနေကြတယ်။ ကျန်ကလေး နှစ်ယောက်က ဒဏ်ရာသိပ်ပြီး မပြင်းထန်တော့ ရွာမှာပဲရှိတယ်"လို့ပြောပါတယ်။

ခမရ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းမှာ ရွာနဲ့ တစ်မိုင်ခွဲလောက်ကွာဝေးပြီး အဲဒီနားကို မသွားဖို့ ရွာမှာ ဆော်သြထားတာတွေရှိပြီး ကလေးတွေက နွားကျောင်းနေကြရင်း ရောက်သွားကြတာ ဖြစ်နိုင် တယ်လို့ ပေါင်းတုတ်ရွာသားတယောက်က ပြောပါတယ်။

ပေါင်းတုတ်ကျေးရွာမှာ အိမ်ခြေ ၁၂၀၀ ကျော်ရှိပြီး မွတ်ဆလင်လူမျိုး အများစုနေထိုင်ကာ ရခိုင်လူမျိုးတွေလည်း နေထိုင်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းထိသူ ခုနှစ်ယောက်ရှိပြီး သေဆုံးသူ နှစ်ယောက်ရှိခဲ့ကာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းထိမှန်  ဒဏ်ရာရသူနဲ့ သေဆုံးသူ အယောက် ၂၀ ကျော်အထိရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013