DVB Logo
Home
Lead Story
အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း
DVB
·
April 1, 2014
အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)(အန်အယ်လ်ဒီပါတီ)ရဲ့ ရှေ့လုပ်ငန်းစဉ်များအဆင်ပြေ လွယ်ကူစေရန်နဲ့ ပါတီဝင်လွှတ်တော် အမတ်များ အပါအ၀င် အဖွဲ့ချုပ်အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့များအကြား အပြန်အလှန် စနစ်စကျ ချိတ်ဆက်ပြီး အချိန်နဲ့ တပြေးညီ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်(ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

nld flagအဆိုပါ ဖွဲ့စည်းပုံတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူထားသော ရေးရာကော်မတီ ၄ ခု၊ ဌာန ၈ ခု၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို တာဝန်ပေးပြီး အဖွဲ့ဝင်ကတ်ပြားထုတ်ဌာန၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့ကို ဦးထွန်းထွန်းဟိန်းကို လည်းကောင်း၊ ပါတီစာရင်းစစ်အဖွဲ့ကို လွတ်လပ်သောအဖွဲ့အဖြစ် လည်းကောင်း၊ လူမှုအထောက်အကူပြုနဲ့ ဥပဒေရေးရာအဖွဲ့ကို ပါတီနာယက ဦးတင်ဦးက ဦးဆောင်ပြီး သီးခြားရပ်တည် ချိတ်တွဲထားသည် အဖွဲ့များဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013