DVB Logo
Home
Lead Story
ရန်ကုန်မြို့တွင် မြေအသုံးချဇုန်သတ်မှတ်မှု ပြည်သူလူထုအကြံ ရယူမည်
DVB
·
April 1, 2014
ရန်ကုန်မြို့တွင် မြေအသုံးချဇုန်သတ်မှတ်မှု ပြည်သူလူထုအကြံ ရယူမည်
Donate to DVB

ရန်ကုန်မြို့ကို မြေအသုံးချမှုအလိုက် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ထားတာနဲ့ ပတ်သက်ပြီး လာမယ့် မေလဆန်းကစပြီး အများပြည်သူတွေရဲ့ ဆွေးနွေးအကြံပြုချက်တွေကို စုဆောင်း ရယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

[caption id="attachment_45791" align="alignright" width="400"]လှိုင်သာယာ စက်မှုဇုန်အား မြင်တွေ့ရစဉ် လှိုင်သာယာ စက်မှုဇုန်အား မြင်တွေ့ရစဉ်[/caption]မတ် ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြေအသုံးချမှုဆိုင်ရာအစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အလားတူ မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကလည်း ရန်ကုန်က မြို့နယ် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ၃၅ ထပ်မြင့်တဲ့ အဆောက်အဦတွေ ဆောက်ဖို့ ခွင့်ပြုနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့က မြို့ပြစီမံကိန်းပညာရှင်တွေဟာ ပြီးခဲ့တဲ့နှစ်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုန်၊ အထပ်မြင့် လူနေဇုန်၊ စက်မှုဇုန်၊ စီးပွားရေဇုန်၊ စိမ်းလန်းမြေနဲ့ ရေပြင်ဇုန် စသဖြင့် ဇုန် ၁၁ မျိုး ခွဲခြား သတ်မှတ်ဖို့ သဘောတူခဲ့ကြပြီး အဆောက်အဦ ဆောက်လုပ်ကြရာမှာ ဇုန်သတ်မှတ်ချက်အလိုက် ခွင့်ပြုချက်ပေးသင့်တယ်လို့
အကြံပြုခဲ့ ကြပါတယ်။

ဒီ စီမံကိန်းကို ပြည်သူတွေ နားလည်အောင် ချပြပြီးရင် ရန်ကုန်တိုင်းအစိုးရကို တင်ပြ အတည်ပြုချက် ရယူပြီး စည်းကမ်းသတ်မှတ်ချက်အဖြစ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013