DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)
DVB
·
July 8, 2022
စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ ဇူလိုင် ၇ ရက်  စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ ဆေးမှူးတယောက်အပါ အဝင် အလောင်း ၅ လောင်းကိုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား ၁၀၀ လောက်  ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖလူးလေး၊ ဖလူးကြီးဒေသမှာ စုဖွဲ့ကာ မြဝတီ-ဝေါ်လေကားလမ်းတလျှောက် ဒေသတွေကို ကျူးကျော်ဖို့ ကြိုးစားလာခဲ့တယ်လို့ ဆိုပါ တယ်။

ဒါကြောင့် ခမရ(၂၀၇) ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာဆီ ရောက်ရှိလာချိန်မှာ လုံခြုံရေး ရယူထားတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး စာရင်းကို အတည်ပြုနိုင်ဖို့ စီစစ်ဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပြီး MA -1 တစ်လက်၊ ကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါဗုံးသီး တစ်လုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်းမှာတော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်တွေ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ ရရှိတာ တယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်မှ တိုက်လေယာဉ်တစ်စင်းဟာ ဒီကနေ့မနက် ၄ နာရီခွဲလောက်က လေ့ကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းတစ်ခုပေါ် လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ ကော်ဘရာ စစ်သည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013