DVB Logo
Home
Lead Story
သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ
DVB
·
April 1, 2014
သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ
Donate to DVB

မတ် ၃၁ ရက်နေ့ ည ၁၂ ရီအထိ သီလ၀ါဆိပ်ကမ်းမှာ ပင်လယ်ကူးသင်္ဘောတွေအပေါ် သစ်လုံးတင်ဖို့ စောင့်ဆိုင်းနေတဲ့ သစ်တင်ကွန်တိန်နာကားတွေ အားလုံး ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အားလုံး ထွက်ခွာသွားပြီလို့ စောင့်ကြည့် စစ်ဆေးနေတဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

Timber 2အစိုးရဟာ အခု ဧပြီ ၁ ရက်နေ့ကစ နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့တာ လုံးဝ ရပ်ဆိုင်းမယ်လို့ ကြေညာထားတဲ့အတွက် လကုန်ခါနီးရက်ပိုင်း သစ်တင်မယ့် ကားပေါင်းများစွာ ဆိပ်ကမ်းမှာ စုပြုံ သစ်တင်ပို့ခဲ့ကြပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ကျွန်းသစ်တန် ၂ သိန်း ၆ သောင်းကျော် ထုတ်လုပ်ခဲ့ပြီး အခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာတော့ တန်ချိန် ၁ သိန်း ၈ သောင်းကျော်ပဲ လျော့ချ ထုတ်လုပ်ပါတော့တယ်။

သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်လို့ သစ်ကုမ္ပဏီတွေဟာ အချောထည်ထုတ် စက်ရုံတွေ တည်ထောင်ဖို့ ကြိုးစားရာမှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ရန်ကုန်မှာ Comcorde Industries လီမိတက် သစ်အချောထည်စက်ရုံ ၁ ရုံ ဖွင့်လှစ်ခဲ့ ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013