
မြန်မာ့လေကြောင်းကနေ ငှားရမ်း အသုံးပြုမယ့် ဘိုးရင်းလေယာဉ်ကြီးတွေကို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံခရီးစဉ်တွေကို ပထမဆုံး ပျံသန်းပြေးဆွဲသင့်ကြောင်း လေယာဉ်တွေ ငှားမယ့် အမေရိကန်အခြေစိုက် ဂျီအီးကုမ္ပဏီက အဆိုပြုထားတယ်လို့ မြန်မာ့လေကြောင်း သတင်းရပ်ကွက်ကို ကိုးကားပြီး လေတပ်အရာရှိဟောင်း တယောက်က ဒီဗွီဘီ ကို ပြောပါတယ်။
မြန်မာ့လေကြောင်းဟာ အမေရိကန် ဂျီအီးကုမ္ပဏီကနေ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း လေယာဉ် ၁၀ စင်း ငှားရမ်း အသုံးပြုသွားမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်ပြီး ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားကို ပထမဦးဆုံး ပျံသန်းပြေးဆွဲဖို့ ဂျီအီးဘက်က အဆိုပြုထားပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။











