DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ရှိ တရားမဝင် ရွှေတူးလုပ်ငန်းများ၌ တရုတ်လူမျိုးများ လောင်းကစားရုံ ဖွင့်လှစ်လုပ်ကိုင်
DVB
·
July 7, 2022
ဗန်းမော်ရှိ တရားမဝင် ရွှေတူးလုပ်ငန်းများ၌ တရုတ်လူမျိုးများ လောင်းကစားရုံ ဖွင့်လှစ်လုပ်ကိုင်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်အနောက်ဘက် ကျေးရွာတွေမှာရှိတဲ့ တရားမဝင် ရွှေတူးဖော်လုပ်ငန်းတွေမှာ  မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေက လောင်းကစားဝိုင်းတွေ လာရောက်ဖွင့်လှစ်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောင်းကစားရုံတွေဟာ ရွာထဲမှာ မဟုတ်ဘဲ ရွာအနီးနေရာတွေမှာ ဆောက်လုပ်ထားတာဖြစ်ပြီး လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂုန်းကလုံး၊ ဖဲအမျိုးမျိုး၊ ငါးမန်းပစ်ဂိမ်းတွေနဲ့ တခြားလောင်းကစားတွေကိုတနေရာတည်း ဆော့လို့ရအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒေသခံတဦးက “မြန်မာစကားလည်း မတတ်တဲ့ တရုတ်တွေ လာဖွင့်တယ်။ မှတ်ပုံတင်လဲရှိမယ်ပုံ မပေါ်ဘူး၊ ဘယ်သူတွေ ခေါ်လာတယ်ဆိုတာတော့ မသိဘူး၊ ကာစီနိုပုံစံ ရုံတွေ လာလုပ်ပြီး ဖွင့်နေတယ်” လို့ ပြောပါတယ်။

အကြီးစား လောင်းကစာရုံတွေအနေနဲ့ ငှက်ပျောတောမှာ နှစ်ရုံ၊ မိုင်းသာမှာ တရုံ၊ ကျွန်းစုမှာတရုံ ရှိသလို အသေးစားလောင်းကစားဝိုင်းတွေလည်း ရွှေဖောင်နဲ့ နီးတဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ရှိနေပါတယ်။

လောင်းကစားရုံတွေ အခုလို ဖွင့်လှစ်  လူစည်ကားနေရတာဟာ တရားမဝင် ရွှေတူးဖော်ကြတဲ့ ရွှေဖောင်တွေ အလုပ်ဖြစ်ထွန်းမှုနဲ့လည်း သက်ဆိုင်နေတယ်လို ဒေသခံရွာသားတွေက ပြောပါတယ်။

ငှက်ပျောတောကျေးရွာ အနီးနားပတ်ဝန်းကျင်ရွာတွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေနဲ့ လောင်းကစားရုံတွေ လာရောက်ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ကျေးရွာနေပြည်သူတွေက လက်မခံတာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းအကြား အကူအညီ တောင်းထားပေမဲ့ အရေးယူတာ မရှိဘူးလို့ ကျေးရွာနေပြည်သူတဦးက ပြောပါတယ်။

ဒေသခံအုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေနဲ့ ကေအိုင်အို အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို ဒီကိစ္စဖြေရှင်းပေးဖို့ ကန့်ကွက်စာတင်ထားပေမဲ့ ဘာမှထူးခြားတာမရှိဘူးလို့  ငှက်ပျောတောကျေးရွာနေ ပြည်သူတဦးက ပြောပါတယ်။

“ဒီ‌ရွှေတူးတဲ့ အလုပ်တွေက လွန်ခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဖောင်တွေ ပိုများလာတယ်။ ရွှေဖောင်တွေ များလာတော့ ဒီရွှေဖောင်တွေကို ဦးတည်ပြီး လောင်းကစားဝိုင်းတွေ ပေါ်လာတယ်။ အခုနောက်ပိုင်း တစ်လကျော်‌ကျော်ရှိပြီ၊ တရုတ်တွေ လာပြီး ကာစီနိုပုံစံ လောင်းကစားရုံ ပုံစံလုပ်ပြီး ဖွင့်လာတွေရှိလာတယ်။ အဲလိုဖြစ်လို့ နှစ်ဖက်စလုံးကို ဒီလုပ်ငန်းတွေ ပိတ်ပင်ပေးဖို့ ကန့်ကွက်စာတင်တာတွေ လုပ်တယ်၊ အခုထိတော့ ဘာမှထူးမလာဘူး။”

လတ်တလော ငှက်ပျောတော ကျေးရွာမှာတော့ ရာသီဥတုအခြေအနေကြောင့် ရွှေတူးဖော်မှုကို ရပ်နားထားပေမဲ့ တခြားရွားတွေမှာတော့ ဆက်လက်တူးဖော်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လောင်းစကားဝိုင်းတွေကို လာရောက်ဖွင့်လှစ်သူတွေဟာ လေလံပေးတဲ့အဖွဲ့တွေကို ငွေကြေး ပေးဆောင်ပြီး ဖွင့်လှစ်ကြတာဖြစ်သလို လောင်းကစားရုံ လေလံတွေကို ကေအိုင်အို လက်အောက်က အောက်ခြေ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်နေတာတယ်လို့ ဒေသခံရွာသား တဦးက ပြောပါတယ်။

“အခုလောင်းကစားရုံတွေဖွင့်ဖို့က လေလံပေးရတယ်၊ ဒီဘက်မှာ ထွေအုပ်တွေလည်း မရောက်နိုင်ဘူး၊ လာလည်းမလာဘူး၊ ဒီမှာရှိတဲ့အဖွဲ့က  ကေအိုင်အေက ဆလန်ကဘာ(အုပ်ချုပ်‌ရေးမှူး)တွေပဲ ရှိတယ်၊ ဒီလိုဆိုတော့ ဒီလေလံအဖွဲ့တွေကို ဆလန်ကဘာတွေရဲ့  ခွင့်နဲ့ လုပ်ကြတာ ဖြစ်တယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အို/ကေအိုင်အေဘက်က တာဝန်ရှိသူတွေကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဧရာဝတီမြစ်ကြောင်းပေါ်မှာ ရွှေတူးဖော်မှုတွေကြောင့် မိုးများလို့ ရေကြီးလာတဲ့အခါ မြစ်ကြောင်းတလျှောက်က ‌ကျေးရွာပတ်ဝန်းကျင်တွေမှာ ရေလမ်းကြောင်းပြောင်းတာ၊ စိုက်ပျိုးခင်းတွေ ရေတိုက်စားခံရတာနဲ့ မြစ်ကမ်းဘေးမှာ ဆောက်လုပ်ထားတဲ့ တာဘောင်တွေ ပျက်စီးနေပြီး ရွာကိုရေတိုက်စားကုန်တယ်လို့ ငှက်ပျောတောကျေးရွာက ပြည်သူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ  ရွှေတူးဖော်မှုတွေကို ပူတာအိုမြို့နယ်၊ မြစ်ဆုံပတ်ဝန်းကျင်တွေနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်တွေမှာ တူး‌ဖော်နေတာအပြင် မြစ်ကြီးနား-ဗန်းမော်လမ်း တချို့နေရာတွေမှာ တရားဝင်းရွှေတူး‌ဖော်မှုတွေကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ပေါများလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013