DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများထံမှ ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ
DVB
·
April 1, 2014
ရွှေ့ပြောင်းလုပ်သားများထံမှ  ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ
Donate to DVB

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒီထဲမှာ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားအားလုံး အကျုံးဝင်ပြီး ဧပြီလ ၁ ရက်ကနေ ၁၅ ရက်နေ့တွေအတွင်း မိမိအလုပ်ရှင်ကနေ တဆင့် ပေးဆောင်ဖို့ ဖြစ်ပါတယ်။

BurmeseMigrantWorker1000Bahtဒီလို ဆောင်ရွက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေး ဦးစီးဌာန အလုပ်သမားပြန် လည်ပို့ဆောင်ရေး ရံပုံငွေ ဌာနခွဲ ဦးစီးအရာရှိတဦးက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အမှန်က ဒီရံပုံငွေကောက်ခံဖို့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ၀န်ကြီးဌာန ကနေ ပြဋ္ဌာန်းပြီးထားပါ။ ဒါပေမယ့် ဒီကိစ္စကို အလုပ်ရှင် အလုပ်သမားတွေ ဘက်က သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာဖို့ ညှိနှိုင်းနေတာနဲ့ ဒီနှစ်မှ ပြန်ပြီးအကောင် အထည်ဖော်ပါတယ်။ အစက ဘတ် ၂၄၀၀ ချမှတ် ထားတာ၊ အခု ဘတ် ၁ ထောင်ထိ လျှော့ချထားတယ်။ အလုပ်သမားတွေ ပြစ်မှု တစုံတရာ ကျူးလွန်ရင် ထိန်းသိမ်းစရိတ်နဲ့ အိမ်ပြန်ပို့စရိတ်လုပ်ဖို့ပါ။ ပြစ်မှု မကျူးလွန်ရင် အိမ်ပြန်တဲ့အခါ ပြန် ထုတ်ပေးပါမယ်၊ အာမခံသဘောမျိုးပါ။”

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဦးအောင်ကျော်ကတော့ ဒီကိစ္စကို သူတို့ဘက်က သဘောမတူလို့ တောက်လျှောက် ကန့်ကွက်လာခဲ့တာမှာ ဒီတကြိမ်လည်း နောက်ထပ် ကန့်ကွက်သွားမှာဖြစ်ပြီး ထိုင်းမြန်မာ သံရုံးကလည်းသူတို့နဲ့ သဘောထပ်တူရှိပါကြောင်း ပြောပါတယ်။

“သဘောမတူဘူးဆိုတာက ကျနော်တို့ အလုပ်သမားတွေဟာ တရားမ၀င် အလုပ်သမား သက်သက်ချည်းဆိုရင်တော့ အချိန်တန်လို့ သူ့နိုင်ငံရဲ့ လုံခြုံရေး အက်ဥပဒေအရ အလုပ်သမား တွေ ဖမ်းဆီးပြန်ပို့ဖို့ ကုန်ကျစရိတ်တွေသုံးမယ်ဆိုရင် လက်ခံနိုင်သော်လည်း အခုက အလုပ်သမားတွေ အားလုံးက နှစ်နိုင်ငံသဘောတူစာချုပ်အရ အကုန်လုံး တရားဝင်အလုပ်သမား တွေ ဖြစ်နေပြီ၊ အကယ်၍အိမ်ပြန်မယ်ဆိုရင်လည်း ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်နိုင်တဲ့ စွမ်းအားရှိပါလျက်နဲ့ ထိုင်းအစိုးရကနေ အခုလိုနှစ်နဲ့ချီပြီး ဒီဘဏ္ဍာငွေတွေကို သိမ်းထားပြီး အိမ်ပြန်တဲ့ခါမှ ပြန်ထုတ်ပေးမယ်ဆိုတာကို ကျနော်တို့ လက်ခံနိုင်စွမ်း မရှိလို့ပါခင်ဗျ။”

လက်ရှိငွေသွင်းထားပြီးဖြစ်တဲ့ အလုပ်သမားတွေကိုလည်း ငွေလက်ခံဖြတ်ပိုင်းတွေ သိမ်းထားဖို့နဲ့ တောင်းဆိုမှု အောင်မြင်ရင် အဲဒီဖြတ်ပိုင်းနဲ့ ပြန်တောင်းမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကလည်း စက်ရုံက အလုပ်သမားတော်တော်များများ သွင်းထားငွေတွေ ပြန်ထုတ်ခဲ့ဖူး တယ်လို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။

အလားတူ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဥက္ကဌ ဦးကျော်သောင်းကလည်း အစိုးရလက်ထဲရောက်သွားတဲ့ ပိုက်ဆံကို အလုပ်သမားတွေက ချက်ချင်းပြန်ထုတ်ဖို့ မလွယ်ကူ ကြောင်း၊ ဒီလုပ်ရပ်ဟာ အလုပ်သမားတွေကို ဥပဒေကျူးလွန်မယ်လို့ သံသယထားပြီး မယုံကြည် ရာရောက်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်တယ်လို့လည်း ယူဆတဲ့အတွက် တပတ်အတွင်းစောင့်ကြည့်လို့မှ မြန်မာသံရုံးက ဘာမှ မဆောင်ရွက်ဘူးဆိုရင် အလုပ်သမားတွေနဲ့ ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013