DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ အဝေးပြေးလက်မှတ်ခ မတက်ဖို့ မထသ(အဝေးပြေး)သတိပေး
DVB
·
April 1, 2014
သင်္ကြန်ကာလ အဝေးပြေးလက်မှတ်ခ မတက်ဖို့ မထသ(အဝေးပြေး)သတိပေး
Donate to DVB

သင်္ကြန်ကာလအတွင်း အဝေးပြေးခရီးသည်တင်ကားတွေမှာ မသမာတဲ့နည်းလမ်းဖြင့် လက်မှတ်ကြိုရောင်းတာတွေနဲ့ ဈေးနှုန်းပိုတောင်းတာတွေ မလုပ်ဖို့ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)က သတိပေး ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာရှိတဲ့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်အခြေစိုက်ယာဉ်အသင်းတွေကို ရန်ကုန်တိုင်းဒေသကြီး မထသ အဝေးပြေးကော်မတီက သတိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

SONY DSCအဝေးပြေးကားလက်မှတ်ခတွေ မမြင့်တက်ဖို့ စီမံချက်ချ ဆောင်ရွက်နေတယ်လို့ မထသ(အဝေးပြေး)ရဲ့ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောပါတယ်။
“အဓိကတော့ လက်မှတ်ခတွေ မှောင်ခိုဈေးနဲ့ မရောင်းဖို့၊ နောက်တခုက ယာဉ်လိုင်းအချင်းချင်း ပြဿနာမဖြစ်ဖို့ နောက်တခါ ကိုယ့်ယာဉ်လိုင်းဂိတ်မှာ ကိုယ့်ယာဉ်လိုင်းကနေ ထွက်တဲ့ ခရီးစဉ်လမ်းကြောင်းအလိုက် လက်မှတ်တွေ ရှိတယ်။ အဲဒီလက်မှတ်တွေရှိတဲ့အခါမှာ ဘယ်ခရီးစဉ် လမ်းကြောင်းအတွက် လက်မှတ်ကတော့ ဘယ်နေ့ကနေ ဘယ်နေ့အထိ ရောင်းထားတာ ကုန်ပြီ။ ဘယ်နေ့မှာ ထပ်ရောင်းမယ်ဆိုတဲ့ဟာကို ကြေညာကလေးနဲ့ ၀ှိုက်ဘုတ်နဲ့ ရေးဖို့ ပြောထားတယ်။ ခရီးသည်တွေက မကျေနပ်တဲ့သူရှိရင် လက်မှတ်ခတွေက ဈေးကြီးတယ် ဆိုရင် ခရီးသည်အတွက် ပိုရောင်းထားတဲ့ ပိုက်ဆံကို ရှိရင် ဦးတို့ တခါတည်း ရှင်းပေးလိုက်မယ်။ ရှင်းပေးလိုက်ပြီးတော့ အဲဒီယာဉ်လိုင်းက ဦးတို့ရှင်းပေးတဲ့ ပိုက်ဆံအပါအ၀င် ဒဏ်ကြေးဆောင်ရမယ်။”

မထသ(အဝေးပြေး)က ထုတ်ပြန်ထားချက်မှာတော့ ယာဉ်စီးခ သတ်မှတ်နှုန်းထားထက်
ပိုမရောင်းဖို့ မလိုအပ်ဘဲ ကြိုတင်လက်မှတ် ဖြတ်ထားပြီး ဈေးနှုန်း ပိုမိုမရောင်းချရန် ၊ လက်မှတ်များ ကြိုတင်ရောင်းချရာမှာလည်း အမှန်တကယ်ခရီးသွားမည်သူကိုသာ ရောင်းချရန်နဲ့ သင်္ကြန်ကာလ အတွင်း လူခေါ်ပွဲစားတွေနဲ့ လက်မှတ်ရောင်းချတာ၊ လက်မှတ်ကုန်ပြီဟု အကြောင်းပြပြီး အခြားသောနည်းဖြင့် လက်မှတ်ခ ပိုရောင်းချခြင်း မပြုလုပ်ရန်နဲ့ ခရီးသည်တဦးကို ၁၀၀ ကျပ်နဲ့ ခရီးသွားအာမခံ ထားရှိသွားဖို့စတာတွေ ပါဝင်ပါတယ်။

ဒါပြင် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လမ်းကြောင်း စစ်ဆေးရေးစခန်း များထားရှိပြီး တာဝန်ကျဝန်ထမ်းတွေ စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် ကော်မတီဖွဲ့ ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

သင်္ကြန်ရုံးပိတ်ရက်တွေ့မှာ ဒေသအသီးသီးကို ပြန်မယ်ပြည်သူတွေ့အနေနဲ့ လက်မှတ်ဝယ်ယူမှုဟာ လက်တလောအဆင်ပြေနေပေမဲ့ တချို့ခရီးသည်တွေဟာ အခုချိန်ထိ လက်မှတ်ဖြတ်လို့ မရသေးတာတွေ ရှိနေတယ်လို့ သင်္ကြန်ရုံးပိတ်ရက်မှာ လာရှိုးကို ပြန်မဲ့ ဒေါ်အေးစန္ဒာက လက်မှတ်ဝယ်ယူမှု အခုချိန်ထိ အဆင်ပြေမှုမရှိသေးဘူးလို့ ဒီဗွီဘီကို ခုလိုပြောပါတယ်။
“၈ ရက်နေ့ပဲ စရောင်းမယ်ပြောတယ်။ ဒါပေမယ့် အခြားဂိတ်တွေကတော့ ၁၁ ရက် ၁၂ ရက်လက်မှတ်ကို လဆန်းပိုင်းလောက်မှ စရောင်းမယ်ပေါ့နော်။ သူတို့ ကားတွေ စီစဉ်နေတုန်းပဲဆိုလို့လေ မရသေးဘူး။ လဆန်းပိုင်းလောက်မှ ထပ်ဆက်လို့ တက်လမ်းဂိတ်ကော ရွှေလားရှိုးကောလေ။”

သင်္ကြန်အတွင်း ကားလက်မှတ်များကို ၁၀ ရက် ကြိုတင်ရောင်းချနေပြီး ကားလက်မှတ်တွေ မှောင်ခိုဈေးကွက် မဖြစ်ပေါ်ဖို့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရောင်းချပေးနေတယ်လို့ မန္တလာမင်း ကားဂိတ်က အရောင်းတာဝန်ခံ ဒေါ်ကြည်ကြည်က ပြောပါတယ်။
“ဈေးနှုန်းက ပုံမှန်ဈေးပဲ ဈေးနှုန်းအပြောင်းအလဲ လုံးဝ မရှိဘူး။ ၄ လပိုင်းအတွက် ဘိုကင် လုံးဝ မပေးဘူး။ လလည်လောက်ကတည်းက ၇ ရက်နေ့အထိ ရောင်းထားပြီးပြီ။ အများနဲ့လာဝယ်တဲ့ ခရီးသည်ကို ပုံစံကြည့်ပြီးတော့ နာမည်နဲ့ မှတ်ပုံတင် တခါတည်းတွဲ ရောင်းတယ်။ ၇ ရက်လောက်အထိ ၈ လောက်အထိက တကယ်တမ်း ပြောမယ်ဆိုရင် ခရီးသွားတွေ သိပ်မရှိဘူး။ များသောအားဖြင့် ခရီးသည်ရှိတာ ၁၀ ရက် ၁၁ ရက်ပဲ အဲဒီနေ့တွေအတွက် ကြိုပြီးလာဝယ်ပြီး အပြင်မှာ ရောင်းမှာစိုးလို့ မရောင်းတာ။”

မထသ (အဝေးပြေး)က တာဝန်ရှိသူတွေကတော့ ကားလက်မှတ်တွေကို ဂိတ်ခွဲတွေမှာ ရောင်းချခွင့်မပြုတော့ပဲ အောင်မင်္ဂလာကားဝင်းမှာ ကိုယ်တိုင်ဝယ်ယူကြဖို့နဲ့ သင်္ကြန်အတွက် ကားလက်မှတ်များကို ရောင်းချမည်နေ့ကို တရားဝင်ကြေငြာရောင်းချဖို့ ဂိတ်တွေ့ကို ထပ်မံ စည်းကမ်းချက်ထုတ်ထားတယ်လို့ ယနေ့သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013