DVB Logo
Home
Lead Story
တမူး PDF တပ်ရင်း-၁ သင်တန်းဆင်းပွဲနှင့် တပ်ရင်းတနှစ်ပြည့် အခမ်းအနား ကျင်းပ
DVB
·
July 6, 2022
တမူး PDF တပ်ရင်း-၁ သင်တန်းဆင်းပွဲနှင့် တပ်ရင်းတနှစ်ပြည့် အခမ်းအနား ကျင်းပ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက်၊ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ က အပတ်စဉ် ၅ သင်တန်းဆင်း ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ တပ်ရင်းတနှစ်ပြည့် အခမ်းအနားကို ဇူလိုင် ၅ ရက်‌က ကျင်းပခဲ့တယ်လို့ တမူး PDF တပ်ရင်း-၁ တာဝန်ခံက ပြောပါတယ်။

“အပတ်စဉ် ၅ သင်တန်းမှာ တပ်သားအင်အား ၂၅‌ ယောက်ဝန်းကျင် သင်တန်းပို့ချခဲ့ပြီး အခြေခံစစ်ပညာတွေကို ဦးစားပေး သင်ကြားခဲ့တယ်။”

အဲဒီအခမ်းအနားကို တမူးမြို့ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဟာမိတ်တပ်ဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ သင်တန်းနည်းပြဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို အလံကိုင် ကျမ်းသစ္စာကျိန်ဆိုတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သင်တန်းနည်းပြဆရာတွေက အမှာစကား ဩဝါဒစကားတွေ ပြောကြားတာ၊ တပ်ရင်းမှူးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားတာ၊ ဆုရရဲဘော်တွေကို ဆုချီးမြှင့်တာ စတဲ့ အခမ်းအနားအစီအစဉ် ၅ ရပ်နဲ့ ကျင်းပခဲ့တယ်လို့ တမူး PDF က ဆိုပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးတပ်‌ဖွဲ့ တပ်ရင်း-၁ အနေနဲ့ အခုအချိန်ကစပြီး တိုက်ပွဲတွေ ဖော်ဆောင်ကာ မိမိတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့တွေ၊ တိုင်းရင်းသား EAO တွေနဲ့ မဟာမိတ်ပြုလုပ်ကာ အတူတကွ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ တမူး PDF တပ်ရင်း-၁ က အသိပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013