DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ရေကစားဖို့ ရန်ကုန်မြို့မှာ မဏ္ဍပ်တွေ စဆောက်နေ
DVB
·
March 31, 2014
သင်္ကြန်ရေကစားဖို့ ရန်ကုန်မြို့မှာ မဏ္ဍပ်တွေ စဆောက်နေ
Donate to DVB

ဒီနှစ်သင်္ကြန် ရေကစားကြဖို့ရန်ကုန်မှာ မဏ္ဍပ်တွေစတင်ဆောက်လုပ်နေပြီး နာမည်ကြီး အိုင်စီနဲ့ အင်ပါယာ တီးဝိုင်းတွေလည်း ရန်ကုန်မှာပဲ ဖျော်ဖြေကြဖို့ ရှိနေပါတယ်။

သင်္ကြန်ကျဖို့ သီတင်း တစ် ပတ်လောက်လိုနေသေးပေမယ့် ရန်ကုန်မြို့ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနဲ့ မြို့ထဲတွေမှာ ရေကစားဖို့ မဏ္ဍပ်တွေ စတင် ဆောက်လုပ်နေတာပါ။

Thing yan 1တိုင်းဒေသကြီးအစိုးရက ရန်ကုန်တစ်မြို့လုံးမှာ ရေကစားမဏ္ဍပ်အကြီး ၅၇ ခု၊ အလတ် ၃၆ ခု ခရိုင်အလိုက် မဏ္ဍပ်တွေအပြင် မဏ္ဍပ် ၁၀၀ နီးပါးခွင့်ပြုထားပြီး မဏ္ဍပ်အကြီးတွေကိုတော့ ပြည်လမ်းမှာ ၄ ခု၊ ကမ္ဘာအေး ဘုရားလမ်းမှာ ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ၁၆ ခု၊ ဆရာစံလမ်းမှာ ၃ ခု ခွင့်ပြုထားပါတယ်။

နာမည်ကြီး တီးဝိုင်းအချို့လည်း ရန်ကုန်မှာရှိနေမှာဖြစ်ပြီး Iron Cross အိုင်စီတီးဝိုင်းက အရင်နှစ်တွေကလိုဘဲ ပြည်လမ်းက ထူးကုမ္ပဏီရုံး ရှေ့မှာ လေးဖြူအပါအ၀င် အိုင်စီပင်တိုင် အဆိုတော်တွေနဲ့ အခြားအဆိုတော်တွေပူးပေါင်း ဖျော်ဖြေမယ်လို့ တီးဝိုင်းခေါင်းဆောင် ဦးချစ်စမ်းမောင် က အခုလိုပြောပါတယ်။

“ကျနော်တို့ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း အပြင်ကို မိန်းကလေးအဆိုတော်တွေ ဘယ်သူဖြစ်မလဲဆိုတာ ကျနော်တို့ ညှိနှိုင်းနေတုန်းပေါ့။ သင်္ကြန်အစီအစဉ်ကတော့ ထူးထူးခြားခြားထက်စာရင် ပုံမှန်ပဲ လုပ်သွားမှာပါ။ ကိုယ့်အဆိုတော်တွေနဲ့တင် အချိန်က ပြည့်နေပြီဆိုတော့ ကျနော်တို့ နားတဲ့အချိန် တော့ ဒီဂျေ တွေ ဘာတွေတော့ ရှိမှာပေါ့နော်။”

အဆိုတော်ဇော်ဝင်းထွဋ်တို့ဦးဆောင်ဆိုမယ့် အင်ပါယာတီးဝိုင်းကတော့ ရန်ကုန်မြို့ရဲ့ ၈ မိုင်လမ်း
ဆုံမှာ နာမည်ကြီးအဆိုတော်များနဲ့ ပရိသတ်ကို ဒီနှစ်မှာဖျော်ဖြေသွားမယ်လို့ တီးဝိုင်းမန်နေဂျာ ဦးသန့်ဇော်က အခုလိုပြောပါတယ်။

“ကျနော်တို့က စင်တွေဘာတွေ ဆောက်ဖို့ လုပ်နေတယ်။ ဟစ်ဟော့အဖွဲ့တွေပါမယ်။ ရဲသွင်တို့ ဆောင်းဦးလှိုင်တို့ မာရဇ္ဇတို့ ဟေမာနေ၀င်းတို့ သံသာဝင်းတို့ အဲဒါမျိုးတွေ ပါမယ်။ ဈေးရောင်းပွဲလည်း လုပ်ကြမယ်။ အကတွေ အန်တာဂရောင်းအဖွဲ့တွေ ပါမယ်။”

အင်းလျားလမ်းမှာတော့ ဒီနှစ်လည်း မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် မပြုသလို ၂၀၁၀ ပြည့်နှစ် တုန်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ X2O အပါအ၀င် နာမည်ရ မဏ္ဍပ်အချို့ကတော့ အခုချိန်ထိ မဏ္ဍပ် ဆောက်လုပ်ခွင့်ပါမစ်ရဖို့ ကြိုးစားနေရတုန်းဖြစ်ပါတယ်။

မဏ္ဍပ်တွေမှာ ရေကစားလိုသူတွေအတွက် လက်မှတ်ခနှုန်းထားတွေကတော့ တရက်ကို ကျပ်ငွေ ၁၀၀၀၀ မှ ၂၀၀၀၀ အကြား နေရာပေါ်လိုက်ပြီး ဈေးပေါက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013