DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၀၆၀ နီးပါး၊ ချိပ်ပိတ်ခံရသည့်နေအိမ် ၆၈၀ ခန့်ရှိလာ
DVB
·
July 5, 2022
စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၀၆၀ နီးပါး၊ ချိပ်ပိတ်ခံရသည့်နေအိမ် ၆၈၀ ခန့်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၅၇ ယောက်နဲ့ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ စုစုပေါင်း ၆၇၈ ခုထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၃၉၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၂၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကနေ ချင်းပြည်နယ် ဖလမ်းမြို့ဘက်ကို တက်လာတဲ့ စစ်အုပ်စု တပ်ဖွဲ့က ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် မသန်စွမ်းတယောက်ဖြစ်တဲ့ ဒေါ် တီာလ်ကပ်ကို ဇွန် ၃၀ ရက်က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၃ ရက်မှာတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိထားတဲ့ ဒေါ်တီာလ်ကပ်ရဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက်ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လှာန်ဇောလ်ကျေးရွာက ခန္ဓာကိုယ်အောက်ပိုင်းသေနေသူ အမျိုးသားတယောက်ဖြစ်တဲ့ Vum Lian Thang ကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်ပြန် ကြိုးတုပ်ကာ တရွတ်တိုက်ဆွဲခေါ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013