DVB Logo
Home
Lead Story
ဦးဝင်းတင် ကျန်းမာရေးအခြေအနေ တိုးတက်
DVB
·
March 31, 2014
ဦးဝင်းတင် ကျန်းမာရေးအခြေအနေ တိုးတက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးဝင်းတင်ဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ဆက်လက်ခံယူနေပြီး အရင်ရက်တွေကထက်စာရင် ကျန်းမာရေး အခြေအနေ တော်တော် တိုးတက်လာတယ်လို့ အနီးကပ်ပြုစုပေးနေတဲ့ ဒီလှိုင်းတာဝန်ခံ ဦးဇော်မျိုးအောင်က ပြောပါတယ်။

[caption id="attachment_54061" align="alignleft" width="400"]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျမြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်မှု ခံယူနေစဉ် (ဓာတ်ပုံ - ကိုကိုကြီး) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျမြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်မှု ခံယူနေစဉ် (ဓာတ်ပုံ - ကိုကိုကြီး)[/caption]အဆုတ်လေစိမ့်တဲ့ ရောဂါကြောင့် ဗိုက်ဖောင်းတာတွေလဲ လျော့ကျလာပြီး နှလုံးခုန်နှုန်းတွေလည်း မှန်နေတယ်လို့ ဆရာဝန်ပြောဆိုချက်ကို ကိုးကားပြောပြပါတယ်။

အထူးကုဆရာဝန်ကြီးတွေ ၁၀ ယောက်နဲ့ အနီးကပ် ကုသပေးနေလို့ အမြန်ဆုံး ကောင်းလာဖို့ မျှော်လင့်ရပါတယ်။

ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျ မြန်နေတဲ့အတွက် မတ် ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်မှု ခံယူနေရပါတယ်။

နေ့လည် ၂ နာရီဝန်းကျင်လောက်ကလည်း ဆရာတော် အရှင်ဆေကိန္ဒနဲ့ မိုးသီးဇွန်တို့ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဆရာဝန်ကြီးတွေက အစည်းအဝေးပြီးတဲ့ ညနေပိုင်းမှာ ကျန်းမာရေးအခြေအနေကို ပြောပြဖို့လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013