DVB Logo
Home
Lead Story
အခွန်ထမ်းကြီးများ ရုံးဖွင့်မည်
DVB
·
March 31, 2014
အခွန်ထမ်းကြီးများ ရုံးဖွင့်မည်
Donate to DVB

အခွန်ပမာဏ မြင့်မားစွာထမ်းဆောင်သူများနဲ့ အများပိုင်ကုမ္ပဏီတွေ သီးသန့် အခွန်ဆောင်နိုင်မယ့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသစ်ကို ရန်ကုန် ပန်းဆိုးတန်းလမ်းမှာ ဖွင့်လှစ်မယ်လို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူးတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

tax pဒီ ရုံးကနေ အခွန်ထမ်းလိုသူတွေအနေနဲ့ တယောက်ချင်းစီ၊ ကုမ္ပဏီတခုချင်းစီရဲ့ အချက်အလက် တွေ ပါဝင်တဲ့ Tax- Payer Identification Number (TIN) တွေ ထုတ်ပေးပြီး ကိုယ်တိုင် အခွန်စည်းကြပ်စေတဲ့စနစ် ကျင့်သုံးမှာ ဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ အကူအညီပေးရေးရုံးက အရာရှိတယောက်ကလည်း အကူအညီ ပေးမယ်လို့ သိရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊ ၅ ထရီလီယံကျော် ရခဲ့ပြီး လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ဆိုရင် ကျပ်ငွေ ၄ ဒဿ မ ၉ ထရီလီယံနီးပါး အခွန်ဝင်ငွေ ၃၆ ရာခိုင်နှုန်း တိုးတက်ရရှိအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013