DVB Logo
Home
Lead Story
ကုန်သည်ကြီးများဟိုတယ် တိုးချဲ့စီမံကိန်း အိုင်အက်ဖ်စီက ဒေါ်လာ သန်း ၈၀ ချေးမည်
DVB
·
March 31, 2014
ကုန်သည်ကြီးများဟိုတယ် တိုးချဲ့စီမံကိန်း အိုင်အက်ဖ်စီက ဒေါ်လာ သန်း ၈၀ ချေးမည်
Donate to DVB

လက်ရှိ ဆူးလေဘုရားလမ်းနဲ့ ၃၂ လမ်းကြားရှိ ကုန်သည်ကြီးများဟိုတယ်နဲ့ ကပ်ရက် မြေကွက်မှာ တည်ဆောက်နေတဲ့ ကုန်သည်ကြီးများဟိုတယ် အပိုင်း ၂ တည်ဆောက်ရေးအတွက် ရှန်ဂရီလာကုမ္ပဏီအုပ်စုကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုင်အက်ဖ်စီက အမေရိကန်ဒေါ်လာ သန်း ၈၀ ထုတ်ချေးမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

[caption id="attachment_54176" align="alignleft" width="400"]ကုန်သည်ကြီးများဟိုတယ်အား တွေ့မြင်ရစဉ် ကုန်သည်ကြီးများဟိုတယ်အား တွေ့မြင်ရစဉ်[/caption]လက်ရှိ ကုန်သည်ကြီးများဟိုတယ်ဟာ အခန်းပေါင်း ၂၇၀ ရှိပြီး အခန်း ၄၈၅ ခန်း ဖြစ်လာအောင် အခန်း၂၄၀ ပါဝင်တဲ့ ရန်ကုန် ရှန်ဂရီလာ ရက်စ်ဆီးဒင်းစ်ကို တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကုန်သည်ကြီးများဟိုတယ်ကို စုံစမ်းချက်အရ လက်ရှိ ဟိုတယ်အခန်း လူဝင်မှုနှုန်း ၈၅ ရာခိုင်နှုန်းအထက်ရှိပြီး အောင်မြင်နေတဲ့ ဟိုတယ်လုပ်ငန်းတခု ဖြစ်ပါတယ်။

အိုင်အက်ဖ်စီဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013