DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် ဖုန်းလိုင်းများပြတ်တောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
July 4, 2022
ဟုမ္မလင်းမြို့နယ်တွင် ဖုန်းလိုင်းများပြတ်တောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကနေ ဒီနေ့အထိ ဖုန်းလိုင်းတွေ ပြက်တောက်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ အင်တာနက်လိုင်းဖြတ်တောက်ထားတာ ၅ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး တယ်လီနော အခု အတန်လို့ အမည်ပြောင်းထားတဲ့ ‌ဆက်သွယ်ရေးအော်ပရေတာမှာ ဇွန် ၂၈ ရက်နေ့က စတင်ပြတ်တောက်နေပြီး အမ်ပီတီမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကစပြီး ဖုန်းခေါ်ဆိုမရတော့ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အမ်ပီတီ က ဖုန်းလိုင်း‌တော့ပွင့်တယ်‌ ပြောလို့ မရဘူး။ တယ်လီနော ကတော့ တိုင်ကိုမပေါ်တာ ကြာပြ” လို ဟုမ္မလင်းမြိုနယ်နေ လူငယ်တဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့ပေါ်မှာ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး၊ မိုင်တဲလ် ဆက်သွယ်ရေး အော်ပရေတာတွေရှိပြီး မြို့နယ်အတွင်း တချို့နေရာတွေမှာတော့ အမ်ပီတီ၊ တယ်လီနော်နဲ့ မိုင်တဲလ်လိုင်းတို့သာ လိုင်းရတယ်လို့ ဆိုပါတယ်။

“မိုင်တဲလ်ကတော့ ဖုန်းလိုင်လည်းရတယ်၊ အင်တာနက်လိုင်းလည်းရတယ်၊ လိုင်းလဲကောင်းတယ်။ ဒါပေမယ့် ဈေးကြီးတယ်၊ မိုင်တဲလ် ပလန်ကတ် တကတ်ကို လေးငါးသောင်းဈေးရှိတယ်” လို့ သုံးဆွဲသူ လူငယ်တဦးက ပြောပါတယ်။

“မိုင်တဲလ် လိုင်းမိတဲ့နေရာကနေ အင်တာနက်လိုင်းဆွဲယူလာပြီး သူငယ်ချင်းတွေနဲ့ Hotspot လွှင့် ဝိုင်းသုံးကြတယ်၊ လိုင်းကျသွားရင် ပြန်သွားယူ အဲ့လိုသုံးနေဝာာဗျ” လို့ Game ဆော့ဖို့ လိုင်းယူလာတဲ့ လူငယ်လေးတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအားလုံး အခက်အခဲဖြစ်ပေါ်နေသလို့ သတင်းစီးဆင်းမှုလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013