
လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းမှာ ဖြန့်ဖြူးမယ့် စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေး ဆိုင်ရာ သတိပေးချက်ကို ရုပ်ပုံတွေနဲ့ ရာခိုင်နှုန်း ၃၀ ကနေ ၄၀ ၀န်းကျင် ဖော်ပြပေးမှ ရောင်းချ ခွင့်ပြုမယ့် နည်းဥပဒေတရပ် Tobacco Control Project က ရေးဆွဲနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။
လက်ရှိ ပြည်တွင်း ဖြန့်ချိတဲ့ စီးကရက်ဗူးခွံတွေမှာ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတဲ့ စာသားလောက်ပဲပါပြီး နောက်ပိုင်း ဆေးလိပ်သောက်လို့ ဖြစ်ပွားလာတဲ့ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြသွားနိုင်ဖို့ ဓာတ်ပုံတွေ စုဆောင်းပြီး ၀န်ကြီးဌာနကို တင်ပြလာတာ ရှိတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံ စီးကရက် ဈေးကွက်မှာ Red Ruby, V, Flavour, Premium နဲ့ နိုင်ငံခြားက ၀င်လာတဲ့ စီးကရက် အမျိုးအစားတွေကို ရောင်းချနေကြပါတယ်။











