DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ချိန် တိုတောင်းမည်
DVB
·
March 31, 2014
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ချိန် တိုတောင်းမည်
Donate to DVB

တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ်တွေအတွက် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးကာလကို လျော့ဖို့အစီအစဉ်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမယ့် မဲဆွယ်စည်းရုံးရေးကာလကို လျော့သွားမယ်လို့ ဦးတင်အေးက ပြောကြားလိုက်တာပါ။

[caption id="attachment_44734" align="alignleft" width="310"]ဦးတင်အေး ဦးတင်အေး[/caption]“ပါတီတွေဘက်ကလည်း ခဏခဏ ပြောကြတယ်။ ရွေးကောက်ပွဲကန်ပိန်းအတွက် ကန်ပိန်းလုပ်ဖို့ အချိန်နည်းတယ်လို့ ပြောကြတယ်။ သူများနိုင်ငံတွေ ကြည့်တော့လည်း မလေးရှားဆို ၂ ပတ်ပဲ ပေးတယ်။ ဘဘတို့က ၃ လ ပေးတယ်။ ဒီတခါတော့ ဘဘကျုံ့ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဘဘတို့ ဆွေးနွေးတဲ့အခါမှာတော့ ကန်ပိန်းကာလကြာလေ အကြမ်းဖက်မှုတွေ များလေပဲ။ အဲဒါကြောင့် သူတို့ကို ပြောထားပြီးသားပါ။ ကန်ပိန်းကာလကို ပြန်ကျုံ့မယ်ဆိုတာ။”

ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံ အစည်းအဝေးတွေအပြီး ကျင်းပပေးမှာ ဖြစ်ပြီး ကျင်းပမယ့်နေ့ရက်ကိုတော့ ၃ လကြိုတင်ပြီး ကြေညာသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက “ကန်ပိန်းကာလကိုတော့ ဘဘတို့ မဆုံးဖြတ်သေးဘူး။ နိုင်ငံတကာကို ကြည့်ပြီးတော့ ပါတီတွေနဲ့ေ တွ့ဖို့ ရှိပါတယ်။ ပြီးရင် သူတို့ကို ချပြမယ်။ ချပြပြီး ၂ ဦး သဘောတူ ပြန်ကြည့်မယ်။ သူတို့ လက်ခံနိုင်တာလည်း ဖြစ်ရမယ်။ နောက်ဆုံးဖိုင်နယ်ကတော့ ဘဘ ဆုံးဖြတ်ချက်ပါပဲ။ ဆုံးဖြတ်တယ်ဆိုတာလည်း ကော်မရှင်မို့လို့ လွှမ်းမိုးချုပ်ကိုင်တာ(Supersede) မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဒီလိုရှိတယ်။ သိပ်ကြာသွားရင် ဘာဖြစ်နိုင်တယ်။ သိပ်တိုသွားရင် ဘာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

လစ်လပ်မဲဆန္ဒတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေမှာ ၁၂ နေရာ လစ်လပ်နေတာ ဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လုံခြုံရေးကြောင့် မကျင်းပနိုင်ခဲ့တဲ့ ဖားကန့်၊ မိုးကောင်းနဲ့ ၀ိုင်းမော်နယ်မြေတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013