DVB Logo
Home
မြန်မာသတင်း
ကြံခင်းမြို့နယ်အနီး ရခိုင်ရိုးမပေါ်တွင် ဧရာဝတီ PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
July 2, 2022
ကြံခင်းမြို့နယ်အနီး ရခိုင်ရိုးမပေါ်တွင် ဧရာဝတီ PDF နှင့်  စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
Donate to DVB

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်နဲ့ ထိစပ်တဲ့ ရခိုင်ရိုးမပေါ်မှာ ရိုးမဧရာဝတီ၊ ဒေါင်းတမာန်ဧရာဝတီ PDF ပူးပေါင်းဖွဲ့တွေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ  ဇူလိုင် ၁ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဒေသခံ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတနေရာကို   စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးစီးနင်းလာရာမှာ  ရိုးမဧရာအဖွဲ့က ပြန်လည်ခုခံခဲ့ပေမဲ့ လက်နက် အင်အားမမျှလို့ စခန်းကို စွန့်ခွာခဲ့ရတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ  စစ်ကောင်စီဘက်က  ၁၂ ယောက်လောက်  သေဆုံးခဲ့ပြီး PDF တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံ PDF တာဝန်ရှိသူထံက သိရပါတယ်။

ရဲဘော်အားလုံးထိခိုက်မှုမရှိ အောင်မြင်စွာ စခန်းကို စွန့်ခွာနိုင်ခဲ့ပြီး စခန်းစွန့်ခွာခဲ့ရလို့ ပစ္စည်းတွေဆုံးရှုံးခဲ့ရကာ အကူအညီများစွာ လိုအပ်နေတယ်လို့ Ayeyarwaddy Revolution force က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၉ ရက်ကလည်း  မြန်အောင်မြို့မှာ နဂါးနီတော်လှန်ရေးတပ်ဖွဲ့က ရဲတပ်သား တယောက်ကို ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013