DVB Logo
Home
မြန်မာသတင်း
PDF ၂၀၀ ကျော် အလင်းဝင်ခဲ့ဟု စစ်ကောင်စီပြော၊ ထက်ဝက်ကျော်က တိုက်ခိုက်မှုမရှိသည့် ဧရာဝတီတိုင်းမှ ဖြစ်နေ
DVB
·
July 1, 2022
PDF ၂၀၀ ကျော် အလင်းဝင်ခဲ့ဟု စစ်ကောင်စီပြော၊ ထက်ဝက်ကျော်က တိုက်ခိုက်မှုမရှိသည့် ဧရာဝတီတိုင်းမှ ဖြစ်နေ
Donate to DVB

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ အလင်းဝင်လာတဲ့ PDF အယောက် ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၁ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပြီး အများစုကို အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၀ ခုက မြို့နယ် ၃၆ ခုမှာ အလင်းဝင်ခဲ့ကြတာဖြစ်ပြီး အမျိုးသား ၁၅၆ ယောက်၊ အမျိုးသမီး ၄၉ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။

ကယား၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီတိုင်းတို့က PDF တွေ အလင်းဝင်ခဲ့ကြတယ်လို့ စာရင်းမှာ ဖော်ပြထားပြီး လက်နက်ခဲယမ်းပါသူ တယောက်မှ မရှိပါဘူး။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တယောက်စီ အလင်းဝင်ခဲ့ကြတယ်လို့ဆိုပြီး လက်ရှိ တော်လှန်ရေးလှုပ်ရှားမှုတွေထဲမှာ PDF အနည်းဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းက မြို့နယ် ၂၀ မှာ လူဦးရေ ၁၁၉ ယောက် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးမှာတော့ ၂၀၅ ယောက် အလင်းဝင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အလင်းဝင်ခဲ့သူတွေထဲမှာ ပဲခူးတိုင်းက အမျိုးသား ၆ ယောက်၊ ဧရာဝတီတိုင်းက အမျိုးသား ၆၇ ယောက်နဲ့ အမျိုးသမီး ၂၅ ယောက်တို့ကို အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

တချို့မြို့နယ်တွေမှာ အလင်းဝင်လာတယ်ဆိုတဲ့ PDF တွေဟာ စစ်ကောင်စီက သတင်းမှား လုပ်ကြံထားတာတွေဖြစ်တယ်လို့ သက်ဆိုင်ရာ PDF အဖွဲ့တွေက ပြောဆိုထားပါတယ်။  စစ်ကောင်စီက ဝါဒဖြန့်တဲ့အနေနဲ့ ဓာတ်ပုံနဲ့တကွထုတ်ပြတဲ့ အလင်းဝင်တယ်ဆိုတဲ့  PDF တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဘယ်နေရာကမှ မပါတဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013